ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ BlackPink ပွဲမှာ Lisa ကပွဲခင်းထဲမှာ ထိုင်းသရုပ်ဆောင်တစ်ဦးကိုတွေ့လိုက်ရလို့ စိတ်လှုပ်ရှားနေတာတွေ့ရပါတယ်။ ဇန်နဝါရီလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့က BlackPink ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့ပြီး လူတွေသိန်းနဲ့ချီသွားရောက်အားပေးခဲ့ကြပါတယ်။

အဲ့ဒီလူသိန်းချီထဲမှာ နာမည်ကြီး သရုပ်ဆောင်မင်းသား မင်းသမီးတွေလည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။ သူတို့တွေထဲမှာ Rusameekae တို့လိုနာမည်ကြီးတွေအပါအဝင် အခြားသောနာမည်ကြီးတွေလည်း ပါဝင်ခဲ့ပါတယ်။ လူသိများတဲ့ နာမည်ကြီးတွေအနေနဲ့ကတော့ Bella Renee Campen, Win Metawin, DJ Snake, Mew Nittha တို့အပါပအဝင်အခြားသော ထိုင်းမင်းသား၊ မင်းသမီးတွေလည်း တက်ရောက်ခဲ့ကြတာတွေ့ရပါတယ်။


သူတို့တွေရဲ့လူမှုကွန်ယက်တွေအသီးသီးမှာ BlackPink ပွဲကိုသွားခဲ့တဲ့ပုံတွေနဲ့ ရုပ်သံတွေကိုတင်ခဲ့ပြီး ကြုံတောင့်ကြုံခဲ BlackPink ပွဲမှာပျော်နေကြတာကိုတွေ့ရပါတယ်။ အဲ့ဒီထဲက Rusameekae တင်ထားတဲ့ ဗီဒီယိုကတော့ ထူးဆန်းပါတယ်။

သူတင်ထားတဲ့ ဗီဒီယိုမှာ Lisa ကသူ့ကိုမြင်သွားလို့ ထိန်းမရသိမ်းမရအောင် ပျော်ရွှင်နေတာကိုတွေ့ရပါတယ်။ Lisa က ကနေရင်း ပရိသတ်တွေကို နှုတ်ဆက်နေရင်း Rusameekae ကိုတွေ့သွားချိန်မှာတော့ ချက်ချင်းပဲသူ့ကိုပျော်ရွှင်စွာနဲ့ လက်တွေလှမ်းပြနေတာကိုတွေ့ရပါတယ်။

ให้ตายเถอะ พี่เราไปดู BLACKPINK เเต่กับเจอพี่วินกับพี่ดิวยืนดูอยู่ข้างงงๆๆๆ ขิต!?? #winmetawin pic.twitter.com/i0Ei79FDiz
— ?????????? ดุ๊กดิ๊ก☀️? (@lotusprimrata) January 7, 2023
Rusameekae ဟာဆိုရင်တော့ Barifen နဲ့အတူ တွဲဖက်သရုပ်ဆောင်ဖူးတဲ့ ဇာတ်ဝင်ခန်းကြောင့် နာမည်ကြီးပါတယ်။ Lisa ကတော့သူ့ရဲ့မွေးရပ်ဇာတိဖြစ်တဲ့ ဘန်ကောက်မှာ ဖျော်ဖြေခဲ့ရလို့ ဝမ်းသာပျော်ရွှင်နေတာကိုလည်း တွေ့ခဲ့ရပြီး သူနဲ့ရင်းနှီးတဲ့ အနုပညာရှင်တွေနဲ့လည်း ပုံတွေအတူတွဲရိုက်ထားတာ တွေ့ခဲ့ရပါတယ်။
Photos- credit





