Davika နဲ့ ပတ်သက်ပြီး အရင်ကခံစားချက်ကို အင်တာဗျူးတစ်ခုမှာ ပြောကြားသွားခဲ့တဲ့ Baifern

//s9.kh1.co/6c/6c0b69f4f8f60957d12574153d6f8f72ed4035ee.jpg
အနုပညာရှင်များ

 ၁၀-ဇန်-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

Davika နဲ့ အဆက်အသွယ်ပြတ်သွားခဲ့ရတဲ့အချိန်တုန်းက ခံစားခဲ့ရတာတော့ …

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းနာမည်ကြီး မင်းသမီးတွေဖြစ်ကြတဲ့ Davika နဲ့ Baifern ကတော့ အနုပညာနယ်ပယ်အသီးသီးမှာ အောင်မြင်ကျော်ကြားနေကြတဲ့ သူတွေဖြစ်ပြီး ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ သူနှစ်ယောက်လည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=620,h=620,q=100/f2/f219d50f080e082e9428eaa456cdd9680f61490b.jpg
https://s9.kh1.co/__image/w=640,h=800,q=100/1c/1cc207ceb430d97b6002a9607b76b2c8e74cd0f2.jpg

 သူတို့နှစ်ယောက်ကတစ်ယောက်နဲ့တစ်ယောက် အရမ်းကို ချစ်ခင်ရင်းနှီးကြခဲ့တာဖြစ်ပြီး သွားတူ လာအတူ နဲ့ တပူးပူး တတွဲတွဲဖြစ်ခဲ့ကြတာပါ။ လက်ရှိမှာတော့ အကြောင်းအမျိုးမျိုးကြောင့် သူတို့နှစ်ယောက်က ဝေးကွာသွားခဲ့ကြတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=640,h=786,q=100/c5/c54b2e08b24e1d5a503400019ad7002023292e59.jpg
https://s9.kh1.co/__image/w=650,h=488,q=100/9a/9acd32d761441a6172eb266c81c2b13d0eef3ce7.jpg

သူတို့နှစ်ယောက်အကြောင်းနဲ့ ပတ်သက်ပြီး Fern က Wan Kan Chai Talk အင်တာဗျုးတစ်ခုမှာ “Davika နဲ့ အဆက်အသွယ်ပြတ်သွားခဲ့ရတဲ့အချိန်တုန်းက ခံစားခဲ့ရတာတော့ အမှန်ပါ။ ငိုတောင် ငိုခဲ့ရပါသေးတယ်။ မနည်းကို ကျော်ဖြတ်ခဲ့ရတယ်။ ဒီလိုတွေ အဆုံးမသတ်ချင်ပေမယ့်လည်း ထင်သလိုတော့ ဖြစ်မလာဘူးလေ။” လို့ ဖြေကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=784,q=100/eb/ebe70b8167a3574d66575d1d82b59bba243b05b2.jpg
https://s9.kh1.co/__image/w=650,h=435,q=100/e1/e13233e5e3097cf8431bda8ffbcc67666a3ac5a2.jpg

သတင်း အရင်းအမြစ် thailand.postsen

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T