ရွေးချယ်ခွင့်သာရှိခဲ့မယ်ဆိုရင် လီဗြောင်ဟွန်းနဲ့လက်ထပ်မှာလားဆိုတဲ့ မေးခွန်းကိုဖြေခဲ့တဲ့ လီမင်ဂျန်း

//s9.kh1.co/85/8511a0e5582ab1fa47ec96c6687c8083df22330d.jpg
အနုပညာရှင်များ

 ၁၀-ဇန်-၂၀၂၃ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

သူတို့ အချစ်ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ကောင်းတယ်နော် ..

တောင်ကိုရီးယားမင်းသမီး လီမင်ဂျန်းဟာဆိုရင် မိန်းမနဲ့သားသမီးတွေကို ထိန်းသိမ်းစောင့်ရှောက်ရင်းနဲ့သာ သူမရဲ့ ဘဝကို ပေးဆပ်ခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီလ ၈ ရက်နေ့တုန်းက လီမင်ဂျန်းပြုလုပ်ခဲ့တဲ့ Sisa Journal အင်တာဗျူးမှာ အခုအကြောင်းအရာကို ဝေမျှပေးခဲ့တာဖြစ်ပါတယ်။ လီမင်ဂျန်းက မကြာသေးမီက Switch ဇာတ်လမ်းနဲ့ အလုပ်ရှုပ်နေခဲ့တာဖြစ်ပါတယ်။ လီမင်ဂျန်းက လက်ရှိမှာ မင်းသား Lee Byung Hun နဲ့ လက်ထပ်ထားပြီး ၉ နှစ်အရွယ် သားဦးလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပါတယ်။

Google
Google

လီမင်ဂျန်းက သူမကို လူတွေက သက်တောင့်သက်သာရှိတဲ့ ဘဝမှာနေနေတယ်လို့ ထင်နေကြကြောင်း ၊ ဒါပေမယ့်လည်း ကလေး တစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ မလွယ်ကူကြောင်း ၊ ဒါ  ပေမယ့်လည်း သူမက သားလေးကို ကိုယ်တိုင်ကိုယ်ကျ စောင့်ရှောက်ခဲ့တဲ့သူသာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ လီမင်ဂျန်းက သူမ ကလေးတွေကို အချိန်ပေးပြီး အမြဲလိုလို ဆော့ကစားပေးလေ့ရှိတဲ့သူဖြစ်ကြောင်း သားလေးကို အစာကျွေးကြောင်း ၊ ကောင်းကောင်းအိပ်ပျော်အောင် စောင့်ရှောက်မှုတွေ ပြုလုပ်ပေးပြီး နွေးထွေး ကြင်နာမှုတွေ အပြည့်ပေးကြောင်းဆိုခဲ့ပါတယ်။

Google
Google
Google
Google

လီမင်ဂျန်းက ကလေးကို စနစ်တကျ ပြုစုပျိုးထောင်ပေးဖို့ စာအုပ် ၅၀ အုပ်အထိ ဖတ်ခဲ့ကြောင်း သားလေးကို မွေးပြီး ၃ နှစ်အကြာမှာ သူမကိုယ်သူမတောင် မေ့နေခဲ့ကြောင်း ဆိုခဲ့ပါတယ်။ တောင်ကိုရီးယားမင်းသမီး လီမင်ဂျန်းက အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်ပြီး သူမရဲ့ သားဦးလေးကို မွေးခဲ့စဉ်က ၃၄ နှစ် အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။

Google
Google

လီမင်ဂျန်းက သူမရဲ့ လက်ရှိဘဝကို လူတွေက ကောင်းတယ်လို့ ပြောကြပေမယ့် သူမ အနေနဲ့ကတော့ လူလွတ်ဘဝကို ပိုပြီး နှစ်သတ်တယ်လို့ ဆိုပါတယ်။ လီမင်ဂျန်း က အခုလိုမျိုးပြောတာက သူမရဲ့ လက်ရှိ ခင်ပွန်းနဲ့ မတွေ့ချင်ဘူးလို့ ဆိုလိုတာမဟုတ်ကြောင်း ၊ သူမရဲ့ ကောလိပ်နေ့ရက်တွေကိုသာ ပြန်သွားချင်တယ်လို့ ဆိုလိုတာဖြစ်ကြောင်း ၊  လီမင်ဂျန်းက ကျောင်းတက်နေတဲ့အရွယ်မှာ အလုပ်ကြိုးစားနေရတာကြောင့် ကျောင်းတွင်း အချစ်ဇာတ်လမ်းဆိုတာ ဘာမှန်း မသိကြောင်း ဒါ‌  ကြောင့် လွန်ခဲ့တဲ့ နှစ် ၂၀ ကိုပြန်သွားပြီး နေ့ရက်တွေကို တန်ဖိုးရှိရှိ ဖြတ်သန်း ချင်တာဖြစ်ကြောင်း စိတ်ကူးယဉ်ဆန်စွာ ပြောခဲ့တာဖြစ်ပါတယ်။

Google
Google
Google
Google

လီမင်ဂျန်းက အချိန်တွေနောက်ပြန် လှည့်ခွင့်ရမယ်ဆိုရင်လည်း သူမရဲ့ လက်ရှိ ခင်ပွန်းဖြစ်တဲ့ လီဗြောင်ဟွန်းကိုသာ လက်ထပ်မှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T