ကောင်မလေးမပါပေမယ့်လည်း အပြုအမူတစ်ခုကြောင့် ချီးကျူးခံနေရတဲ့ ဆောင်းဂျွန်ကီ…

//s9.kh1.co/af/af568deb1088a2e82751378ba4b19d6265369111.jpg
အနုပညာရှင်များ

 ၁၀-ဇန်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ပရိသတ်တွေက ဆောင်းဂျွန်ကီရဲ့ ယဥ်ကျေးပြီး နှိမ့်ချတတ်တဲ့ အပြုအမူကိုလည်း...

ဆောင်းဂျွန်ကီရဲ့ နောက်ဆုံးတစ်ခေါက် လေဆိပ်မှာတွေ့လိုက်ရတဲ့ ပုံဟာပရိသတ်တွေကြား အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ ဇန်နဝါရီလ ၉ ရက်နေ့က ဆောင်းဂျွန်ကီဟာ ထိုင်းနိုင်ငံမှာ 2023 Golden Disc Awards ကိုလက်ခံရယူပြီး ကိုရီးယားကိုပြန်လာခဲ့ပါတယ်။ အင်ချွန်းလေဆိပ်ကို ပြန်လာတဲ့ ဆောင်းဂျွန်ကီရဲ့ပုံတွေမှာဆိုရင်တော့ ဆောင်းဂျွန်ကီကို ခပ်မိုက်မိုက်ပုံစံနဲ့တွေ့ရပြီး outfit ကလည်းတော်တော်လေးကို လန်းနေတာတွေ့ရပါတယ်။

https://s9.kh1.co/__image/w=598,h=1024,q=100/72/72acfb943029386ab873c450dbd0abfbc4bd264b.webp

ဒါ့အပြင်ပရိသတ်တွေက ဆောင်းဂျွန်ကီရဲ့ ယဥ်ကျေးပြီး နှိမ့်ချတတ်တဲ့ အပြုအမူကိုလည်း သတိထားမိခဲ့ကြပါတယ်။ ဆောင်းဂျွန်ကီ ဟာဆိုရင်လေဆိပ်ကအသွားရော အပြန်မှာပါ ပရိသတ်တွေနဲ့ သတင်းထောက်တွေကို ယဥ်ယဥ်ကျေးကျေးနဲ့ နှုတ်ဆက်ခဲ့တာကိုတွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/32/32ca0092d6fbbf06c4d56fdfa2366b3095a254c0.webp

ဆောင်းဂျွန်ကီဟာ ကိုရီးယားရဲ့ ကြေးအကြီးဆုံး သရုပ်ဆောင်တွေထဲကတစ်ယောက်ဖြစ်ပြီး “Vincenzo” အတွက်တစ်ပိုင်းကို ဝမ် သန်း ၂၀၀ လောက်ရရှိခဲ့ပါတယ်။ ဆောင်းဂျွန်ကီဟာ ၂၀၁၆ ခုနှစ်လောက်ကစတင်ပြီး ဒေါ်လာသန်းချီတန်တဲ့ အိမ်တွေဝယ်ပြီး အိမ်ခြံမြေတွေမှာ ရင်းနှီးမြုပ်နှံထားကာ ချမ်းသာကြွယ်ဝတဲ့ မင်းသားတစ်ယောက်အဖြစ် ရပ်တည်လျက်ရှိပါတယ်။

https://s9.kh1.co/__image/w=620,h=465,q=100/a3/a362fa01e9d47b0c097d98a729d5f47f3c8dc2e9.webp

ပရိသတ်တွေကတော့ ဝေဖန်မှုတွေရှိလင့်ကစား ဖော်ရွေပြီး ယဥ်ကျေးတဲ့အပြုအမူရှိတဲ့ ဆောင်းဟေကိုကို အားလုံးကိုချစ်ခင်အားပေးနေကြပါတယ်။

Photos- credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T