Kim Woo Bin ရဲ့ Idol အဖြစ်သတ်မှတ်ခံထားရတဲ့ EXO အဖွဲ့ဝင်

//s9.kh1.co/50/5023a101aabb152636b9a6771eb12c6214cdde0e.jpg
အနုပညာရှင်များ

 ၁၀-ဇန်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၃ နှစ် က

Woo Bin ဟာ အလုပ်သွားတိုင်း သူ့ရဲ့သီချင်းတွေနားထောင်လေ့ရှိပြီး ပရိသတ်အကြီးစားဖြစ်ကာ.....

တောင်ကိုရီးယားရဲ့ နာမည်ကြီးမင်းသား Kim Woo Bin ဟာ အောင်မြင်မှု အများအပြားရရှိထားတဲ့ မင်းသားတစ်လက်ဖြစ်ပြီး ပရိတ်သတ်တွေချစ်ကြတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။သူဟာ သီချင်းတွေနားထောင်ရတာ နှစ်သက်သဘောကျပြီး သူနားထောင်တဲ့ သီချင်းတွေထဲမှာ EXO ရဲ့သီချင်းတွေလည်းပါဝင်တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=600,q=100/21/21f9398e953bf584a2124351fcf49178000e6025.jpg

Kim Woo Bin ဟာ EXO အဖွဲ့ထဲကမှ D.O ရဲ့ပရိသတ် အကြီးစားဖြစ်ပြီး သူ့အနေနဲ့ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ကားတွေ ရိုက်ကူးဖို့ သွားတဲ့အချိန်တိုင်း EXO အဖွဲ့ဝင် D.O. ရဲ့ သီချင်းတွေကို နားထောင်လေ့ရှိတယ်လို့ ဖွင့်ဟခဲ့ဖူးပါတယ်။

https://s9.kh1.co/__image/w=540,h=809,q=100/fa/fa643bdba7f2169fc9062abc04ee5bc4e9ade4f6.jpg

Kim Woo Bin ဟာ လူမှုကွန်ရက်အကောင့်မှာ D.O. ရဲ့ “Bite” သီချင်း screenshot နဲ့အတူ “Do Kyung Soo ရဲ့ သီချင်းလေးနဲ့ အလုပ်ကို သွားပြီ”လို့ ရေးပြီးတင်ခဲ့ဖူးပါတယ်။Kim Woo Bin နဲ့ D.O. တို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြပြီး သူဟာ D.O. ရဲ့ သီချင်းတွေကို နားထောင်လေ့ရှိကာ “Rose” သီချင်းကိုတော့အကြိုက်ဆုံးဖြစ်ကြောင်း သိရပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/04/04598df56930dc9c041a46d5b93b51beee3785a8.jpg

Photos: Credit

သတင်း အရင်းအမြစ် Allkpop

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T