SDS ဥက္ကဌရဲ့ မြေးနဲ့ ချိန်းတွေ့နေတယ်လို့ သတင်းထွက်နေတဲ့ G-Dragon

//s9.kh1.co/a2/a2c7abb4fca7bfbd489cca34e64386debcc593f2.jpg
အနုပညာရှင်များ

 ၁၀-ဇန်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီလ (၉) ရက်နေ့က တရုတ်အွန်လိုင်းအသီးသီးရဲ့ သတင်းတွေအရ GD ဟာထိုအမျိုးသမီးနဲ့ဖျော်ဖြေပွဲတစ်ခုမှာ....

တောင်ကိုရီးယားရဲ့ နာမည်ကျော် K-pop အဆိုတော် G-Dragon ဟာ 'Shinsegae Department Store' franchise ဥက္ကဋ္ဌရဲ့ မြေးဖြစ်သူနဲ့ ချိန်းတွေ့နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ဇန်နဝါရီလ (၉) ရက်နေ့မှာ တရုတ်အွန်လိုင်းအသီးသီးရဲ့ သတင်းအရင်းအမြစ်တွေကို အခြေခံပြီး ထိုကဲ့သို့ကောလဟာလတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=400,h=241,q=100/2e/2e53935fb619e70c25337e2fb1b92b346f1b97a1.jpg

G-Dragon ဟာ ဆိုးလ်မှာကျင်းပခဲ့တဲ့ 'Street Man Fighter' ဖျော်ဖြေပွဲကို Mask တပ်ပြီး ပရိသတ်ရှေ့မှာ ထိုင်နေတဲ့ကြားကနေ အခုလိုကောလာဟလတွေ ထွက်ပေါ်ခဲ့တာဖြစ်ပြီး YGX မှာ သူ့ရဲ့ သူငယ်ချင်းတွေကို အားပေးဖို့  ဖျော်ဖြေပွဲကို တက်ရောက်ခဲ့တယ်လို့ ယူဆရကာ အင်တာနက်အသုံးပြုသူအချို့ရဲ့အဆိုအရ အမျိုးသမီးတစ်ဦးဟာ G-Dragon နဲ့ ဖျော်ဖြေပွဲကို တက်ရောက်ခဲ့ပြီး SNS မှာ GDနဲ့ ဖျော်ဖြေပွဲက ဓာတ်ပုံတွေကို မျှဝေခဲ့တယ် လို့ဆိုပါတယ်။

https://s9.kh1.co/__image/w=304,h=458,q=100/dd/dd38ee312b063a3d412daf4a68fff7d0fcdd8d92.jpg

။Shinsegae Department Store ဥက္ကဌရဲ့ မြေးလို့ ယူဆရတဲ့ ထိုအမျိုးသမီးဟာ ဓာတ်ပုံတစ်ပုံ တင်ခဲ့ပြီး အပြုံးမျက်နှာတက်တူးပါတဲ့ လက်ဟာ G-Dragon ရဲ့လက်ဖြစ်တယ်လို့ ယူဆနေကြတာကြောင့် အခုလိုထင်ကြေးပေးခံခဲ့ရတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=610,h=376,q=100/c9/c9eca94cd189b9bebcbc4917ff8a08b1348016f4.jpg
https://s9.kh1.co/__image/w=650,h=470,q=100/14/14addbb0099fdf0e72ea204e2e87044ed08198c5.jpg

Photos: Credit

သတင်း အရင်းအမြစ် allkpop

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T