The Glory Season (2) မထွက်ခင် ရိုက်ကူးခဲ့တဲ့ ဆောင်းဟေကို ရဲ့ အမိုက်စား ပုံများ

//s9.kh1.co/b5/b5a660be54a75ed88a773806881eef47ce611149.jpg
အနုပညာရှင်များ

 ၁၀-ဇန်-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

The Glory Season (2) မထွက်ခင် ရိုက်ကူးခဲ့တဲ့ ပုံတွေဖြစ်တာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကိုပိုမိုရရှိခဲ့ပြီး.....

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးမင်းသမီး ဆောင်းဟေကိုဟာ ပရိသတ်အားပေးမှုအခိုင်အမာ ရရှိထားတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး သူမရဲ့ဇာတ်ကားတိုင်းဟာ ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။မကြာသေးခင်က ထွက်ရှိခဲ့တဲ့ The Glory ဟာလည်း တစ်ကမ္ဘာလုံးကြိုက်နှစ်သက်တဲ့ ဇာတ်လမ်းတွဲဖြစ်ခဲ့ကာ စံချိန်တွေချိုးဖျက်နိုင်ခဲ့ပြီး ပရိသတ်တွေကလည်း The Glory Season (2) ကိုစောင့်မျှော်နေကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=843,q=100/4e/4ef20bdb4a6d1e42f3ec987bcdad8b1e5be09d63.jpg

ဇန်နဝါရီ (၁၀) ရက်နေ့မှာတော့ ဖက်ရှင်မဂ္ဂဇင်း Elle က ဆောင်းဟေကို ရဲ့ ပုံတွေနဲ့ အင်တာဗျူးတဲ့အကြောင်းကို ထုတ်ပြန်ခဲ့ပါတယ်။ ဆောင်းဟေကို ရဲ့ နေ့စဉ်နှင့်အမျှ ခေတ်ဆန်တဲ့ ခံစားချက်တွေ တစ်ချိန်တည်းမှာ ပါဝင်နေတာကြောင့် သူမရဲ့  မျက်နှာဖုံးမှာရှိတဲ့ ဓာတ်ပုံတွေဟာ ပရိသတ်တွေရဲ့ အာရုံကိုဖမ်းစားထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ဓာတ်ပုံတွေမှာ သူမဟာ အင်မတန်ဆွဲဆောင်မှု ရှိနေပြီး The Glory Season (2) ရုံမတင်ခင် ထွက်ပေါ်လာတဲ့ပုံတွေ ဖြစ်တာကြောင့် ပိုအာရုံစိုက်ခံခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=843,q=100/54/5487fd8f3e8b58d5f0457ee9baeed26bf8aa7731.jpg

ထို့နောက် သူမကို ဆက်လက် အင်တာဗျူးခဲ့ပြီး"အခုမြင်နေရတဲ့ ကမ္ဘာကြီးက ဘာအရောင်လဲ" လို့ မေးတဲ့အခါ ဆောင်းဟေကိုက "အဖြူ" လို့ ပြန်ဖြေခဲ့ပြီး သူမက "အလုပ်တွေကောင်းကောင်းပြီးသွားပါပြီ၊ ကောင်းကောင်းအနားယူနေပါတယ်၊   ပြင်ဆင်စရာ၊ စိတ်ပူစရာမရှိပဲ ပျော်ရွှင်ပြီး သက်တောင့်သက်သာရှိနေမှာပါ" လို့လည်း ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=843,q=100/24/24feea087c043cdb4873de5376ccc64b0f7269f9.jpg

Photos: Credit

သတင်း အရင်းအမြစ် Spo tv

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T