လက်ထပ်တော့မယ် လို့ ရုတ်တရက် ပြောခဲ့တဲ့ Kim Jong Kook

//s9.kh1.co/2c/2c6e00b6b3d9933b5204a4077dfb660a821a9d3c.jpg
အနုပညာရှင်များ

 ၀၉-ဇန်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

အခုလိုပြောကြားခဲ့မှုကြောင့် ပရိသတ်တွေ ကဒီနှစ်မှာ လက်ထပ်တော့မှာလား ဆိုတဲ့မေးခွန်း....

Running Man အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အဆိုတော် Kim Jong Kook ဟာ လက်ထပ်တော့မယ်လို့ ရုတ်တရက်ပြောကြားခဲ့ပါတယ်။ အခုလိုပြောကြားခဲ့မှုကြောင့် ပရိသတ်တွေ ကဒီနှစ်မှာ လက်ထပ်တော့မှာလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အသက် (၄၆) နှစ် ဖြစ်နေပြီတဲ့ Kim Jong Kook ဟာ အခုအချိန်အထိလက်တွဲဖော် မရှိသေးတာ ဖြစ်ပြီး ပရိသတ်တွေကလည်း သူတို့ချစ်တဲ့ လူပျိုကြီးကို နှစ်သစ်မှာ စွံစေချင်နေကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=540,h=810,q=100/ab/abc3b79967a52e509587d4b6262a4d284307aef9.jpg

ဇန်န၀ါရီလ (၈) ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ SBS ရဲ့ “My Little Old Boy”  နောက်ဆုံးအပိုင်းမှာတော့ Kim Jong Kook နဲ့ ဟာသသရုပ်ဆောင် Huh Kyung Hwan တို့ တွေ့ဆုံခဲ့ပါတယ်။ Heo Kyung Hwan က Kim Jong Kook ကို တေးဂီတအသံသွင်းစတူဒီယိုကို ဖိတ်ခေါ်ပြီး “One Man” သီချင်းကို ထရော့သီချင်းအဖြစ် ပြန်ဆိုခဲ့ပါတယ်။အဲ့နောက်မှာတော့ Kim Jong Kook ဟာ  Huh Kyung Hwan ရဲ့ မိခင်နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=392,q=100/dc/dc3bf0c1fdb2f265e36c9efc523d403f2a2573bf.jpg

 Heo Kyung Hwan ရဲ့ မိခင်က Kim Jong Kook ရဲ့လက်ကို ဆုပ်ကိုင်ကာ  "ကျေးဇူးတင်ပါတယ်၊ ငါ့သားက Excellence Award ကိုရခဲ့တယ်" လို့ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ဆက်လက်ပြီး သူမက“မြန်မြန် လက်ထပ်လိုက်။ ဒီချောမောတဲ့မျက်နှာနဲ့ ဒီခန္ဓာကိုယ်ကို စွန့်ပစ်လိုက်လို့ မရဘူး။ ကြိုက်တဲ့သူရှိလား" လို့မေးခဲ့ပြီး Kim Jong Kook က သူလက်ထပ်ဖို့ ဖြစ်နိုင်ချေကို ရှင်းရှင်းလင်းလင်းပြောပြီး “ကြိုးစားရင် ဖြစ်နိုင်မယ်ထင်တယ်” လို့ ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=671,q=100/14/14eeecd1b35ad677af8977699848bbf368ca43b5.jpg

Heo Kyung Hwan ရဲ့မိခင်က သံသယမျက်လုံးနဲ့ Kim Jong Kook ကိုကြည့်ကာ "မိန်းမတွေက မင်းအတွက် တန်းစီနေပြီထင်တယ်" လို့ပြောကာ Kim Jong Kook က ရယ်ပြီး "ဒီလိုမျိုး ဘာမှမရှိဘူး" လို့ပြန်ပြေခဲ့ပါတယ်။ Heo Kyung Hwan က "မင်းလက်ထပ်ဖို့ စိတ်ကူးမရှိဘူးလို့ ငါကြားတယ်၊ အလုပ်မအားတာကြောင့်လား" လို့မေးမြန်းခဲ့ပြီး Kim Jong Kook က "ငါက နားလည်ပေးနိုင်တဲ့သူပဲလိုတယ်။ အချင်းချင်း လိုက်လျောညီထွေရှိဖို့ လိုပါတယ် ''လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=669,q=100/00/00424964cf1402d9aff555b565e59078718d106b.jpg

Photos: Credit

သတင်း အရင်းအမြစ် Kbizoom

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T