BlackPink အဖွဲ့ရဲ့ ကမ္ဘာကြီးအပါ်သက်ရောက်မှုဟာ ဂီတအနုပညာရပ်ဝန်းထက်ကို ကျော်လွန်နေပြီလို့ ကျွမ်းကျင်သူတွေက ပြောနေကြပါတယ်။ ဇန်နဝါရီလ ၇ ရက်နေ့မှာတော့ BlackPink အဖွဲ့ဟာ ထိုင်းနိုင်ငံမှာ သူတို့ရဲ့ ဖျော်ဖြေပွဲကို စတင်ကျင်းပခဲ့ပါတယ်။ ဘန်ကောက်မှာရှိတဲ့ အမျိုးသားအားကစားကွင်း မှာကျင်းပခဲ့တဲ့ အဆိုပါဖျော်ဖြေပွဲဟာ ထိုင်းတွေအဖို့ စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲဖြစ်ခဲ့ပြီး လက်မှတ်မရလို့အပြင်မှာ ကြည့်ရတဲ့အထိကို စည်ကားခဲ့ပါတယ်။ အဲ့ဒီဖျော်ဖြေပွဲကို သာမန်ထိုင်းပရိသတ်တွေသာမကပဲ ထိုင်းဘုရင့်အစ်မတော်လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

လူမှုကွန်ယက်ပေါ်မှာတက်လာတဲ့ ပုံတွေမှာတော့ ထိုင်းတော်ဝင်မင်းသမီး Ubolratana Rajakanya က BlackPink သင်္ကေတဖြစ်တဲ့ lighstick လေးကိုင်ပြီး ပွဲခင်းထဲကစင်ပေါ်မှာ ရပ်နေတာကိုတွေ့ရပါတယ်။ Ubolratana Rajakanya ဟာဆိုရင်တော့ ထိုင်းဘုရင် ဘူမိဘောရဲ့ အကြီးဆုံးသမီးတော်ဖြစ်ပြီး လက်ရှိဘုရင် မဟာဝိဇယလောင်ကွန်းရဲ့ အမတော်လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်ခေါက် ပြင်သစ်ပွဲတုန်းကတော့ ပြင်သစ်သမ္မတကတော် ကိုယ်တိုင်တက်ရောက် အားပေးခဲ့ပါသေးတယ်။ အမေရိကန်ဖျော်ဖြေပွဲတုန်းကလည်း နာမည်ကြီးတွေဖြစ်တဲ့ Selena Gomez, Camila Cabello, Taylor Swift တို့ရဲ့အားပေးတာကိုခံခဲ့ရပါတယ်။ ဒါကြောင့်ပဲ BlackPink တွေရဲ့အောင်မြင်မှုနဲ့ လွှမ်မိုးမှုဟာ တော်တော်လေးကိုကြီးမားလာနေတယ်လို့ သုံးသပ်နေကြတာဖြစ်ပါတယ်။


BlackPink အဖွဲ့ဟာဆိုရင် အခုလ ၇ ရက်နဲ့ ၈ ရက် နှစ်ရက်တာထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖျော်ဖြေခဲ့ပါတယ်။
Photos- credit





