အတိတ်ဆိုးကိုကျော်လွှားပြီး လက်ရှိပုံရိပ်လေးကို ချပြလိုက်တဲ့မင်းသမီး Ko Hyun-jung

//s9.kh1.co/fd/fd736f173f5c6d8a82807af61602b683410c1e19.jpeg
အနုပညာရှင်များ

 ၀၇-ဇန်-၂၀၂၃ ၉pm · လွန်ခဲ့သော ၃ နှစ် က

အတိတ်ဆိုးကိုကျော်လွှားပြီးနောက် လက်ရှိပုံရိပ်လေးကို ချပြလိုက်တဲ့မင်းသမီး Ko Hyun-jung

တောင်ကိုရီးယားမင်းသမီး Ko Hyun-jung ဟာဆိုရင် မကြာသေးမီက သူမရဲ့ပုံရိပ်လေးကို ပရိသတ်တွေဆီကိုဝေမျှပေးခဲ့ပါတယ်။အောက်တိုဘာလ ၇ ရက်နေ့တုန်းက Ko Hyun-jung က သူမရဲ့ အေဂျင်စီရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်ကနေတဆင့် ဗီဒီယိုလေးတစ်ခုကို ဝေမျှပေးလာခဲ့တာဖြစ်ပါတယ်။ဗီဒီယိုလေးထဲမှာ Ko Hyun-jung က မျက်နှာလေးကို လက်လေးနဲ့ဖုံးထားပြီး ပရိသတ်တွေကို သူမရဲ့ ချစ်ဖို့ကောင်းတဲ့ ပုံရိပ်လေး ဝေမျှပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=620,h=962,q=100/4d/4d8634ee8ff0246e802cef0e96a98191e8c0facc.webp

Ko Hyun-jung က အနက်ရောင်ကုတ်အင်္ကျီလေးကို ဝတ်ထားပြီး ဆံပင်လေးကလည်း ဖြောင့်ဖြောင့်လေးနဲ့ ချစ်ဖို့ကောင်းလွန်းနေပါတယ်။ အသက်မွေးဝမ်းကျောင်းလုပ်ငန်း အထွတ်အထိပ်ကို ရောက်နေတဲ့အချိန်၁၉၉၅ ခုနှစ်မှာ သူမ ဟာ Shinsegae Group ရဲ့ စီးအီးအိုနဲ့ လက်ထပ်ခဲ့ပါတယ်။လက်ထပ်ပြီးနောက်မှာ Ko Hyun-jung က အနုပညာလောကကနေ အနားယူခဲ့ပြီး သားလေး တစ်ယောက်နဲ့ သမီးလေး တစ်ယောက်ကို ဖွားမြင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=449,h=800,q=100/6b/6bdb101476482d6f63ef20125e1d864b9386dab7.webp

လက်ထပ်ပြီး၈ နှစ်အကြာမှာ Ko Hyun-jung က ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ပြီးသားသမီး နှစ်ယောက်ကိုပါထပ်တွေ့ခွင့်မရခဲ့ပါဘူး။

https://s9.kh1.co/__image/w=650,h=975,q=100/87/87754b8b09e402c6410c21f968653a1e01e96362.jpeg

သူမ က အချိန်ကြာမြင့်စွာ ဆိုးရွားလွန်းတဲ့ အတိတ်တွေထဲမှာ ပိတ်မိပြီးနောက်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်ခဲ့ပြီး ပရိသတ်တွေကို အံ့အားသင့်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။Ko Hyun Jung က ဗီလိန်ဇာတ်ရုပ်တွေ များစွာမှာ သရုပ်ဆောင် ဖူးတဲ့သူဖြစ်တာကြောင့် သူမကို တော်တော်များများက အပေါက်ဆိုးတဲ့သူလို့ ထင်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=392,q=100/fe/fef66bb5eac7bd6f58c2cbebb352b05f9775b6e1.jpeg

သူ့ ရဲ့ ကင်မရာနောက်ကွယ်က ဇာတ်ရုပ်အမှန်က ချစ်ဖို့ကောင်းလွန်းပြီး သဘောကောင်းပါတယ်။Ko Hyun Jung က လက်ရှိမှာ အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်ပြီးငယ်ရွယ်နုပျိုနေဆဲပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=930,q=100/b5/b5a565354b8844d64fcb24c53f25ea03b9c65186.jpeg

Ko Hyun Jung က ပြီးခဲ့တဲ့နှစ်တုန်းကလည်း JTBC ရဲ့ ဒရမ်မာဖြစ်တဲ့Reflection of You မှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားပါသေးတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T