တောင်ကိုရီးယားရဲ့ ထိပ်တန်းသရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ IU နဲ့ Lee Jong Suk တို့ရဲ့ အချစ်ရေးသတင်းဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေကြားမှာ အပြောများနေကြတဲ့ အပြင် သတင်းတွေရဲ့ ခေါင်းကြီးပိုင်းတွေထိပါ ပါနေတဲ့ နာမည်ကြီးသတင်းတစ်ခုလည်း ဖြစ်ပါတယ်။

အားလုံးသိထားကြတဲ့အတိုင်း သူတို့နှစ်ယောက် ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင် အောင်မြင်ကြတဲ့ အနုပညာရှင်တွေ ဖြစ်ကြတဲ့အပြင် သူတို့နှစ်ယောက်ရဲ့ ပိုင်ဆိုင်ကြွယ်ဝချမ်းသာမှုတွေကလည်း သုံးလို့မကုန်နိုင်အောင်ပါပဲ ။


2021 ခုနှစ်ထုတ် South China Morning Post ရဲ့ ဖော်ပြချက်အရ IU က ကိုရီးယားအနုပညာလောကမှာ အချမ်းသာဆုံး အမျိုးသမီး K-Pop စတားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သူမရဲ့ကိုယ်ပိုင်ကြွယ်ဝမှုမှာ ဒေါ်လာ 40.3 သန်း (ဝမ် 51.2 ဘီလီယံ) ရှိမယ်လို့ ခန့်မှန်းထားသော်လည်း 2022 နှစ်ကုန်မှာ IU က $45 million ကျော် အထိရောက်သွားနိုင်တယ်လို့ ပြောနေကြပါတယ်။


သူမရဲ့ချစ်သူ Lee Jong-suk ဟာ 2023 ခုနှစ်အထိ အသားတင် $50 သန်းကျော် ပိုင်ဆိုင်ထားပြီး တောင်ကိုရီးယားအနုပညာလောကမှာ လစာအများဆုံး မင်းသားလည်းဖြစ်ပါတယ်။ တကယ်လို့ သူတို့နှစ်ယောက်သာ ယူဖြစ်ခဲ့ကြမယ်ဆိုရင် နှစ်ယောက်သားပိုင်ဆိုင်မှု စည်းစိမ်ဥစ္စာက တစ်သက်လုံးနီးပါး စားလို့မကုန်နိုင်ဘူးလို့ ပရိသတ်တွေက ခန့်မှန်းတွက်ချက်နေကြပါတယ်။


သတင်း အရင်းအမြစ်៖ Popular.com





