တရုတ်တွေရဲ့ တရားမဝင်ခိုးယူတာခံလိုက်ရတဲ့ ဆောင်းဟေကိုရဲ့ “The Glory”…

//s9.kh1.co/3f/3f7bf3f130b6615ab68daac5e62fa1e9328f7b71.jpg
အနုပညာရှင်များ

 ၀၆-ဇန်-၂၀၂၃ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

တရုတ်နိုင်ငံရဲ့ နာမည်ကြီးနဲ့ လူသုံးအများဆုံး Content Review Site ဖြစ်တဲ့...

လတ်တလောမှာ နာမည်ကြီးနေတဲ့ ဆောင်းဟေကိုရဲ့ ဒရမ်မာဟာဆိုရင် ကိုရီးယားမှာသာမက နိုင်ငံတကာမှာလည်း ကြီးမားတဲ့အောင်မြင်မှုကို ရရှိလို့နေပါတယ်။ အထင်ရှားဆုံးကတော့ Netflix ရဲ့ The Glory series ကိုတရုတ်နိုင်ငံမှာ ခိုးယူပြီး stream နေမှုပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=407,q=100/db/dbf9819ac2adb447e33509e7ccfe03b9b64eafe0.jpg

Netflix ရဲ့ Orginal Series ဖြစ်တဲ့ ဆောင်းဟေကို ရဲ့ The Glory ကို တရုတ်နိုင်ငံရဲ့ နာမည်ကြီးနဲ့ လူသုံးအများဆုံး Content Review Site ဖြစ်တဲ့ Douban မှာ တင်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီမှာတင်ခဲ့ပြီးတဲ့နောက် ဇန်နဝါရီလ ၅ ရက်နေ့အထိ  Reivew 8.8 ရရှိကာ Commentပေါင်း ၆ သောင်းကျော်ရှိခဲ့တာကိုလည်း တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=413,q=100/e0/e0f6645dd4b9d543b204d91c83dcba2ca1eb6907.jpg

တရုတ်နိုင်ငံမှာ 2017 ခုနှစ်ကစလို့ Netflix ကြည့်ရှုခွင့်ကိုပိတ်ပင်ထားပြီး ကိုရီးယားယဥ်ကျေးမှုတွေ တရုတ်နိုင်ငံထဲစီးဝင်မှုကနေ တာမြစ်ထားတာဖြစ်ပါတယ်။ ဒါကြောင့်ပဲ သောင်းနဲ့သိန်းနဲ့ချီတဲ့တရုတ်တွေဟာ ကိုရီးယားဇာတ်ကားတွေကို တရားမဝင်ပဲခိုးယူကြည့်ရှုနေကြတာဖြစ်ပါတယ်။ ဒါကြောင့်ပဲ The Glory အတွက် Netflix အနေနဲ့ နစ်နာမှုတွေရှိနေတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=487,q=100/c5/c53c4a56f5a7a750bd290c4f2743636a8ac92080.jpg
https://s9.kh1.co/__image/w=650,h=433,q=100/03/03bbe3c077f96c819f0b447365b8e43de4635257.jpg

အခုလိုခိုးယူကြည့်ရှုမှုတွေဟာ The Glory အတွက်သာမဟုတ်ပဲ အခြားအောင်မြင်တဲ့ ကိုရီးယားကားတိုင်းလိုလို ခိုးယူခံနေရတာဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကိုရီးယားပရိသတ်တွေဟာ တရုတ်တွေကို ဒေါသထွက်နေကြတာဖြစ်ပါတယ်။

Photos- credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T