ထိုင်းနိုင်ငံရဲ့ နံပါတ် ၁ မင်းသမီးတစ်ပါးဖြစ်တဲ့ Aum ကတော့ လက်ရှိမှာ အသက် ၄၄ နှစ်ရှိပြီဖြစ်ပြီး ၂၂ နှစ်အရွယ်လောက်လို့သာ ထင်ရလောက်သည်အထိ နုဖက်လွန်းသူလည်းဖြစ်ပါတယ်။ သူမကတော့ အသက် (၃၇) နှစ်ရှိပြီဖြစ်ပြီတဲ့ အရမ်းကိုချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင် Hi So Pok နဲ့ တွဲလာခဲ့တာ ၅ နှစ်ကျော်လောက်ရှိခဲ့ပါပြီ။


ဒါပေမယ့် မကြာသေးမီက Hi So ရဲ့ ပွဲတစ်ခုကို မင်းသမီးက တက်ရောက်ခြင်းမရှိခဲ့တဲ့အပြင် New Year ညကလည်း အတူတူရှိမနေကြတာကြောင့် နှစ်ယောက်က လမ်းခွဲလိုက်ပြီဆိုပြီး သတင်းသမားတွေကအစ ပြောခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ကွဲရခြင်းအကြောင်းကလည်း ကြားမှာ တတိယလူဝင်လာတာကြောင့်လို့ပြောနေကြတဲ့အပြင် စနှိုက်သွားခဲ့တဲ့သူလည်း မင်းသမီး Prang လို့ ပြောနေကြပါတယ်။


Prang က " ကျွန်မက Hi So နဲ့ခင်တယ်။ နှစ်သစ်ကူးညကလည်း သူနဲ့ Night Club တစ်ခုမှာ မတော်တဆ သွားဆုံကြလို့ အတူကကြလိုက်တယ်။ ကျွန်မ လမ်းမှားလမ်းပျောက်မှာဆိုးလို့ Hi So ရဲ့ လက်ကို ကိုင်လိုက်တာပါ။ ကျွန်မနဲ့သူ့ကြားမှာ တခြားဘာစိတ်မှာလည်းမရှိပါဘူး" လို့ ဖြေရှင်းခဲ့ပါတယ်။ မင်းသမီး Prang ရဲ့ မန်နေဂျာကိုယ်တိုင်ကလည်း ဒီဇာတ်လမ်းမှာ သူမပါဝင်ပတ်သက်နေတာ မဟုတ်ကြောင်း ရှင်းပြခဲ့ပါတယ်။


သတင်း အရင်းအမြစ်៖ Popular.com