ဆောင်းဟေကိုဟာ သူကြိုက်တဲ့ မိန်းကလေးပုံစံဖြစ်ကြောင်း ဝန်ခံခဲ့ဖူးတဲ့ လီမင်ဟို

//s9.kh1.co/be/be2d7a09e7b3de41a04a5d61a02da5b1d1d947c6.jpg
အနုပညာရှင်များ

 ၀၅-ဇန်-၂၀၂၃ ၃pm · လွန်ခဲ့သော ၃ နှစ် က

လီမင်ဟိုဟာ ဆောင်းဟေကိုနဲ့ အလုပ်တွဲလုပ်ချင်ကြောင်း ဝန်ခံခဲ့ဖူးပြီး...

တောင်ကိုရီးယားရဲ့နာမည်ကြီးမင်းသားဖြစ်တဲ့ လီမင်ဟိုဟာ အောင်မြင်မှုများစွာ သိမ်းပိုက်ထားပြီး မိန်းကလေးပရိသတ်တွေရဲ့ အသဲစွဲမင်းသားတစ်ဦး ဖြစ်ပါတယ်။သူဟာ အာရှတစ်ခွင်မကပဲ တစ်ကမ္ဘာလုံးကို ဆယ်စုနှစ်တစ်ခုကြာအောင် လွှမ်းမိုးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။သူ့ရဲ့ချောမောလှတဲ့ ရုပ်ရည်‌ကြောင့် မိန်းကလေးတိုင်းဟာ သူနဲ့တွဲချင်ကြပြီး သူ့အချစ်ရေးကိုလည်း အထူးစိတ်ဝင်စားကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=678,q=100/34/34d87e7af3f3f725de7d8296cf72729921c16654.jpg

လီမင်ဟို ဟာ နာမည်ကြီးမင်းသမီးတွေနဲ့ တွဲခဲ့ရုံသာမက နာမည်ကြီးမင်းသမီးတွေနဲ့ တွဲနေတဲ့ဆိုတဲ့သတင်းတွေ ခဏခဏထွက်ခဲ့ဖူးတာလည်း ဖြစ်ပါတယ်။သူ့ပရိသတ်တိုင်းက သူ့သဘောကျတဲ့ကောင်မလေး ပုံစံကိုအထူးစိတ်ဝင်စားကြတာ ဖြစ်ပြီး အံ့သြစရာကောင်းတာကတော့ လီမင်ဟို က သူ့ရဲ့စံပြမိန်းကလေးပုံစံဟာ နာမည်ကြီးမင်းသမီး ဆောင်းဟေကို ဖြစ်တယ်လို ဖွင့်ဟခဲ့ဖူးတာ ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=591,q=100/6d/6d1f0f864d8f4f482766d92065974650f44e2616.jpg

လီမင်ဟိုက  `` ကျွန်တော့်ရဲ့ စံပြပုံစံကတော့ ဆောင်းဟေကို ပါ။ သူမရဲ့ သရုပ်ဆောင်စွမ်းရည်၊ ရင့်ကျက်တဲ့ ကာရိုက်တာနဲ့ ကြော့ရှင်းတဲ့ ဂန္တဝင်ပုံစံကြောင့် ဆောင်းဟေကို ကို သဘောကျပါတယ်၊ ငယ်ငယ်ကတည်းက ဆောင်းဟေကိုရဲ့ အမာခံပရိသတ်ဖြစ်ခဲ့ပြီး စံပြပုံစံ ဘယ်တော့မှပြောင်းဖြစ်မယ်လို့ မထင်ပါဘူး ‘’ လို့ပြောကြားခဲ့ပါတယ်။ထပ်မံပြီး လီမင်ဟိုက ဆောင်းဟေကိုနဲ့ အလုပ်တွဲလုပ်ချင်ကြောင်လည်း ဝန်ခံခဲ့ဖူးတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=366,h=752,q=100/79/79a81581453e9bdc454cfd199c8839e548130b2b.jpg

Photo: Credit

သတင်း အရင်းအမြစ် google

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T