မုန်တိုင်းကြားက ပန်းတစ်ပွင့် (သို့) ဆောင်းဟေကို...

//s9.kh1.co/89/89c3e9dac533b3b37507b71534db68bd356d7a0b.jpg
အနုပညာရှင်များ

 ၀၅-ဇန်-၂၀၂၃ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဆောင်းဟေကိုဟာ ဆဲဂျောင်းတက္ကသိုလ် မှာရုပ်ရှင်ပညာကို တက်ရောက်သင်ယူခဲ့...

ကိုရီးယားရဲ့ အနုပညာရှင်တွေအကြောင်းပြောရင် ဆောင်းဟေကိုကတော့ မပါမဖြစ်ဖြစ်ပါတယ်။ ဆောင်းဟေကိုဟာ ဆိုရင်တော့ ‌ကိုရီးယားအနုပညာလေကမှာ ကာလရှည်ကြာအောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တဲ့ တစ်ဦးထဲသော သရုပ်ဆောင်မင်းသမီးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=320,h=400,q=100/96/965368ea48b5a8b74c7bc2befb0e9b35ebaeb2fa.jpg

1981 ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဆောင်းဟေကိုဟာ သူ့ရဲ့ငယ်ဘဝမှာ စိတ်ဒဏ်ရာရစရာတွေ အများကြီးကြုံခဲ့ရပါတယ်။ သူငယ်ငယ်လေးကတည်းက သူ့ရဲ့မိဘတွေကွာရှင်းတာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ဆောင်းဟေကိုဟာ ဆဲဂျောင်းတက္ကသိုလ် မှာရုပ်ရှင်ပညာကို တက်ရောက်သင်ယူခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/d7/d794ca575f323b2fffc3876335db085cd4d46e69.jpg

၁၉၉၆ သူ့အသက် ၁၄ နှစ်အရွယ်ကတည်းက အနုပညာလမ်းကြောင်းပေါ်ရောက်လာခဲ့တဲ့ ဆောင်းဟေကိုဟာဆိုရင် ၂၀၀၀ ခုနှစ် သူ့အသက် ၁၉ နှစ်မှာတော့ သူ့ရဲ့နာမည်ကြီးဒရမ်မာ “Autumn in my heart” နဲ့ပရိသတ်တွေရှေ့ရောက်လာပြီး စတင်နာမည်ကြီးလာခဲ့ပါတယ်။ အဲ့ဒီနောက်တော့ All In (2003), Full House (2004), That Winter, the Wind Blows (2013), Descendants of the Sun (2016), Encounter (2018), Now, We Are Breaking Up (2021) နဲ့ The Glory (2022) စတဲ့ ဒရမ်မာတွေမှာ ပါဝင်ခဲ့ပြီး အဲ့ဒီထဲက ဆောင်းဂျွန်ကီနဲ့အတူသရုပ်ဆောင်ထားတဲ့ “DOTS” ကတော့ နာမည်အကြီးဆုံးဖြစ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=620,h=400,q=100/d7/d7be8df1a46d2effb7a1d12eaf7406d259c68a4b.jpg

၂၀၁၇ မှာဆောင်းဟေကိုနဲ့ အိမ်ထောင်ပြုခဲ့ပြီး ၂၀၁၉ မှာကွာရှင်းခဲ့မှုက သူမဘဝအတွက် အပြောင်းအလဲတစ်ခုဖြစ်ခဲ့ကာ အမာရွတ်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ ဆယ်ကျော်သက်ဘဝထဲက အနုပညာလောကကို စတင်ရောက်ရှိခဲ့ပြီး ဝေဖန်တိုက်ခိုက်မှုတွေ အနိမ့်အမြင့်အတက်အကျတွေနဲ့ ဘဝကိုဖြတ်သန်းခဲ့ရတဲ့ ဆောင်းဟေကိုဟာ လက်ရှိ အသက် ၄၀ ကျော်အထိသူမရဲ့ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ကာ ဆုတံဆိပ်တွေအပါအဝင် နိုင်ငံတကာကအသိအမှတ်ပြုရတဲ့ အောင်မြင်မှုမျိုးကို ရရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=641,q=100/91/913073b45d09c461eeac7b5cf422fc6a18b9fe52.webp

လက်ရှိမှာတော့ “The Glory” ရိုက်ကူးအပြီး ဇာတ်ကားအသစ်အတွက် ရိုက်ကူးဖို့ပြင်ဆင်နေတယ် လို့သိရပါတယ်။

Photos- credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T