Myanmar Idol Season 4 ပြိုင်ပွဲကြီးရဲ့ Winner ဆု ရှင်အက်စတာဒေါ့ချင်းဆုန်ဟာ MM Idol ပြိုင်ပွဲရဲ့ ပထမဆုံးသော အမျိုးသမီး Winner ဆုရှင်လည်းဖြစ်ပါတယ်။ Winner ဆုကြီးရရှိပြီးနောက် အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလို့လာခဲ့တာ ဖြစ်ပါတယ်။


ချင်းလူမျိုးဖြစ်တဲ့ အက်စတာဟာ ရိုးသားပွင့်လင်းသလို မိမိအပေါ် ဝေဖန်လာမှုတွေကိုလည်း တည်တည်ငြိမ်ငြိမ်နဲ့ ပြန်လည်ဖြေရှင်းပြတတ်သူလေးလည်း ဖြစ်ပါတယ်။ အပြုံးချိုချိုလေးတွေနဲ့ လှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ ချင်းမလေး အက်စတာ က ၂၀၂၃ ဇန်နဝါရီ ၄ ရက်နေ့ကပဲ ချစ်ရတဲ့ ချစ်သူလေးနဲ့လက်ထပ်သွားတာပဲဖြစ်ပါတယ်။



သူတို့နှစ်ယောက်မင်္ဂလာပွဲလေးကို ရန်ကုန်မြို့၊ Lotte ဟိုတယ်မှာကျင်းပခဲ့တာဖြစ်ပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေနဲ့ အနုပညာရှင် မောင်နှမတွေတက်ရောက်ပြီး အားပေးခဲ့ကြပါတယ်။ ပရိသတ်တွေအတွက် ချစ်ဖို့ကောင်းပြီး နေနဲ့ လ ရွှေနဲ့မြလို လိုက်ဖက်တဲ့ ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။








