လတ်တလောမှာတော့ မင်းသားချော Bright Vachirawit နဲ့ ထိုင်း Channel 3 မင်းသမီး Bella Ranee တို့က ပွဲတစ်ခုကို တက်ရောက်ဖို့ ဂျပန်ကို ရောက်ရှိနေကြပါတယ်။ ဂျပန်နိုင်ငံမှာ ရာသီဉတု ဆောင်းရာသီဖြစ်တာကြောင့် နှင်းတွေကြပြီး အေးစက်နေတာလည်း ဖြစ်ပါတယ်။

Bright နဲ့ Bella တို့က နိုင်ငံခြားခရီးစဉ်ဖြစ်တာကြောင့် အလည်အပတ်ခရီးစဉ်အဖြစ် သူတို့ရဲ့ မိသားစုတွေလည်း ခေါ်ဆောင်သွားခဲ့ပါတယ်။

Bright နဲ့ Bella တို့က ဂျပန်နိုင်ငံကို ရောက်ပြီးနောက်မှာတော့ နှင်းတွေကျနေတဲ့ အချိန်မှာ တူတူဆော့ကစားရင်း နှင်းတောထဲမှာလည်း တူတူ အမှတ်တရအဖြစ် ဓာတ်ပုံရိုက်ခဲ့ကြပါသေးတယ်။ ဒါ့အပြင် Bella က Bright ရဲ့ မေမေနဲ့ တူတူတွဲပြီး ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။

ပရိသတ်တွေက နုပျိုတဲ့ Bright နဲ့ ချောမောလှပတဲ့ မင်းသမီး Bella တို့ စုံတွဲပုံလေးတွေကို မြင်ရပြီးနောက်မှာတော့ သူတို့နှစ်ယောက်ဟာ ချစ်စရာကောင်းပြီး လိုက်ဖက်ညီနေတာကြောင့် တွဲကြပါလို့ သဘောတူနေကြပါတယ်။

ဒါ့အပြင် Bella နဲ့ Bright ကို ဇာတ်လမ်းတစ်ခုတည်းမှာ တူတူသရုပ်ဆောင်တာကို မြင်ချင်ကြနေပါတယ်။

အကြောင်းရင်း ကတော့ အမျိုးသား နဲ့ အမျိုးသမီး ကြယ်ပွင့် နှစ်ယောက် စလုံးက အနုပညာ နယ်ပယ် တစ်ခုတည်းမှာ အရည်အချင်း ရှိပြီး နာမည်ကြီး တာကြောင့် အတူတူ သရုပ်ဆောင်ရင် Chemistry မိမှာ သေချာပြီး လုံးဝပေါက်မယ့် ဇာတ်ကားဖြစ်မယ်လို့ ပြောနေကြပါတယ်။
