IU ဟာဆိုရင်တောင်ကိုရီးယားရဲ့ တကိုယ်တော်အဆိုတော်တွေထဲ ရှားရှားပါးပါးအောင်မြင်မှုရနေတဲ့ အဆိုတော်လေးဖြစ်ပါတယ်။ ကိုရီးယားမှာဆိုရင် Kpop အဖွဲ့တွေများလွန်းပြီး အဖွဲ့တွေနဲ့လှုပ်ရှားသူတွေသာအောင်မြင်လေ့ရှိကာ တစ်ကိုယ်တော်အဆိုတော်တွေထဲမှာ IU ဟာဆိုရင်အဖွဲ့လိုက်အဆိုတော်တွေထက်တောင် အောင်မြင်နေတဲ့သူဖြစ်ပါတယ်။

အခုဆိုရင်လည်း IU ရဲ့ “Blueming” ဆိုတဲ့သီချင်းဟာ Spotify မှာ နားဆင်ကြည့်ရှုသူ သန်း ၁၀၀ ရှိလာခဲ့ပါတယ်။ ၂၀၁၉ နိုဝင်ဘာကထွက်ခဲ့တဲ့ IU ရဲ့ တတိယအယ်လ်ဘမ်ထဲမှာပါတဲ့ “Blueming” ဆိုတဲ့သီချင်းဟာ ဆိုရင်စက်တင်ဘာ ၂၆ ရက်နေ့ Spotify မှာကြည့်ရှုသူ သန်း ၁၀၀ ပြည့်သွားခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် “Blueming” ဆိုရင်အခုလိုသန်း ၁၀၀ ကျော်တဲ့ IU ရဲ့ ၅ ပုဒ်မြောက်သီချင်းလဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ IU အနေနဲ့ အခုလို သန်း ၁၀၀ ကျော်တဲ့ သီချင်းအများဆုံးရှိတဲ့ တစ်ကိုယ်တော်အဆိုတော် ဖြစ်လာပါတယ်။ ဒါ့အပြင် IU ဟာ Rolling Stone ရဲ့ “Top 200 Greatest Singers of All Time” စာရင်းမှာလည်း ရွေးချယ်ခံရပြီးပါဝင်လာခဲ့ပါတယ်။ IU ရဲ့အောင်မြင်မှုတွေကတော့ တကယ့်ကို အံ့မခန်းပါပဲနော်။

Congratulations ပါ IU လေးရေ။
Photos-credit





