ပြင်းထန်တဲ့ မတော်တဆမှုကြောင့် စိုးရိမ်စရာ ဖြစ်နေတဲ့ Avenger မင်းသား Jeremy Renner

//s9.kh1.co/a0/a0bfaa45131e8f0c5701ab227ca58bcd0b402be6.jpg
အနုပညာရှင်များ

 ၀၃-ဇန်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၃ နှစ် က

Renner ဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး စိုးရိမ်စရာအခြေအနေနဲ့ ရင်ဆိုင်နေရကာ.....

Hawkeye အဖြစ်လူသိများတဲ့ Avenger မင်းသား Jeremy Renner  ဟာ မတော်တဆမှုတစ်ခုကြောင့် စိုးရိမ်စရာ အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။အသက် (၅၁) နှစ်ရှိပြီဖြစ်တဲ့ Renner ဟာ ဒီဇင်ဘာ (၁) ရက်နေ့မှာ နှင်းထွန်နေတုန်း ရာသီဥတုကြောင့် ပြင်းပြင်းထန်ထန် မတော်တဆဖြစ်ခဲ့ပြီး ဆေးရုံတင်ထားရကြောင်း သိရပါတယ်။

https://s9.kh1.co/__image/w=650,h=392,q=100/a9/a9c7491c099c910d98de77bb2d1d90e782e39fec.jpg

Renner ဒဏ်ရာရသွားတဲ့နေရာ အပါအဝင် အသေးစိတ်အချက်အလက်တွေကို အတည်မပြုနိုင်သေးပေမယ့် သူဟာ အမေရိကန်နိုင်ငံ၊နီဗားဒါးမှာရှိတဲ့ နေအိမ်မှာ နှစ်အတော်ကြာ တည်းခိုခဲ့ပြီး နီဗားဒါးမြောက်ပိုင်းမှာရှိတဲ့ ထိုနေရာမှာ မကြာသေးမီက မုန်တိုင်းတွေကြောင့် နှင်းများထူထပ်စွာ ကျဆင်းမှုကို တွေ့ကြုံခဲ့ရပါတယ်။ “Jeremy ဟာ ဒဏ်ရာပြင်းထန်ပေမယ့် တည်ငြိမ်တဲ့အခြေအနေမှာရှိနေတယ်ဆိုတာကို အတည်ပြုနိုင်ပါတယ်၊သူ့မိသားစုက သူနဲ့အတူရှိနေပြီး ကောင်းမွန်တဲ့စောင့်ရှောက်မှုကို ခံယူနေပါတယ်” လို့  U.S Variety က ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/51/51334aa2a0280fc634238c3f1f7d2daff339a115.webp

Jeremy Renner ဟာ (၁၉၉၅) ခုနှစ်မှာ “Senior Trip” ရုပ်ရှင်ဖြင့် ပွဲဦးထွက်ခဲ့ပြီး (၂၀၀၉) ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “The Hurt Locker” ဇာတ်ကားမှာ သူ့ရဲ့သရုပ်ဆောင်ထူးချွန်မှုကြောင့် `82nd American Academy Awards ‘ ရဲ့ အကောင်းဆုံးဇာတ်ဆောင်ဆု လျာထားခြင်းကို ခံခဲ့ရပါတယ်။ Renner ဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေအားပေးမှု ရရှိထားတဲ့ ထူးချွန်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=486,q=100/a0/a01b1d5799f53c9b24448dd762633c55be4b8511.webp
https://s9.kh1.co/__image/w=650,h=716,q=100/f5/f56218a9c7d906f3534889858a607b8aa680be2d.jpg

Photos: Credit

သတင်း အရင်းအမြစ် Kbizoom

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T