လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေကို ဆက်လက်မထိန်းထားနိုင်ခဲ့တဲ့ အချစ်လှေကားထစ်ထဲကမင်းသား

//s9.kh1.co/00/002673faeb4a12055759f545f02349cdf67d2e9d.jpg
အနုပညာရှင်များ

 ၀၄-ဇန်-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေကို မထိန်းနိုင်ခဲ့တဲ့ အချစ်လှေကားထစ်ထဲကမင်းသား

တောင်ကိုရီးယားမင်းသား Kwon Sang Woo ဟာဆိုရင် ၁၉၇၆ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်ပါတယ်။ ရှည်လျားတဲ့အရပ်အမောင်းနဲ့ ချောမောလှပတဲ့ ရုပ်ရည်ကြောင့် ပွဲဦးထွက်လာလာချင်းမှာပဲ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့တဲ့ Kwon Sang Woo ဟာ Stairway to Heaven အချစ်လှေကားထစ်လေးများ ဇာတ်လမ်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=400,h=644,q=100/d0/d0dfa79a1d5154d5689ad4eba87cbfc208e7195e.jpeg

Kwon Sang Woo က အချစ်ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကြီးတဲ့သူဖြစ်တာကြောင့် သူရိုက်ကူးတဲ့ ဇာတ်လမ်းတွဲတိုင်း အချစ်ကားတွေ များပါတယ်။ ဇာတ်လမ်းတွဲတွေက တဖြည်းဖြည်း ထပ်ပြီးတူလာတာကြောင့် Kwon Sang Woo ကို ဇာတ်ကောင်ပုံစံကွဲပြီး မြင်ချင်လာတယ်လို့ ပရိသတ်တွေကတောင်းဆိုလာကြပါတယ်။ ဒါကြောင့် Kwon Sang Woo ကအချစ်ဇာတ်လမ်းတွေအစား အက်ရှင်ကားတွေပုံစံနဲ့ လိုက်ဖက်မှုရှိအောင်အသည်းအသန်ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/9f/9f7ce102299dc782dd47c94f36653999e03b3e5a.jpeg

Kwon Sang Woo က အချစ်ကားတွေမှာ ပိုင်နိုင်ကျွမ်းကျင်တဲ့သူဖြစ်ပေမယ့် သူ့ကိုယ်တိုင်ရဲ့အချစ်ဇာတ်လမ်းလေးကတော့ သာယာဖြောင့်ဖြူးခြင်း မရှိခဲ့ပါဘူး။ Kwon Sang Woo ဟာ တောင်ကိုရီးယား အလှမယ် Son Tae Young နဲ့ ချစ်ကြိုက်နေတယ်ဆိုတဲ့ သတင်းတွေထွက်ရှိလာပြီးနောက်မှာ ပရိသတ်တွေက ပြင်းပြင်းထန်ထန် သဘောမတူခဲ့ပါဘူး ။ Son Tae Young ဘက်က မင်းသားရဲ့ အောင်မြင်မှုနဲ့ ကပ်ပြီး နာမည်ကြီးချင်လာတာကြောင့် တွဲခဲ့တာ ဆိုပြီး ပရိသတ်တွေက စွပ်စွဲခဲ့ကြပါတယ်။ ဒါကြောင့် သူတို့နှစ်ဦးကို မလိုက်ဖက်တဲ့အတွဲဆိုပြီး ဝိုင်းဝန်းအပြစ်တင်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=540,h=675,q=100/1b/1bafe7f1da4ce882d93131ec55f750fb65bbb14f.jpeg

အလှမယ် Son Tae Young ရဲ့ အတိတ်က သတင်းတွေကိုလည်း ပရိသတ်တွေက မနှစ်မြို့ကြပါဘူး။ဒါကလည်း သဘောမတူရတဲ့ အကြောင်း အရင်းတွေကထဲ တစ်ခုဖြစ်ပါတယ်။ ကန့်ကွက်မှုတွေကြားမှာ Kwon Sang Woo က သူ့ရဲ့ အချစ်ကို လုံးဝ လက်လွှတ်မခံခဲ့ပါဘူး။ သူချစ်ရတဲ့ ချစ်သူကိုမစွန့်လွှတ်ခဲ့တဲ့ Kwon Sang Woo က အသက် ၃၂ နှစ်အရွယ်မှာ Son Tae Young နဲ့ လက်ထပ်ခဲ့ပါတယ်။ ပရိသတ်တွေ အများအပြားကတော့ Kwon Sang Woo မင်္ဂလာ သတင်းကြားပြီးနောက်မှာ မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။Kwon Sang Woo ဟာ ပရိသတ်တွေသဘောမတူတဲ့သူနဲ့ လက်ထပ်ခဲ့မိလို့ ပရောဂျက်တွေ အများကြီးကို ဆုံးရှုံးခဲ့ရပါတယ်။

https://s9.kh1.co/__image/w=620,h=310,q=100/6f/6ff6812de1de9df1baae63ea9c048ee9bc401524.webp

ဒါပေမယ့်လည်း Kwon Sang Woo က သူ့ရဲ့ အိမ်ထောင်ရေးကို ဘယ်တော့မှ နောင်တမရခဲ့သလို ဇနီးဖြစ်သူရဲ့အတိတ်ကိုလည်း လုံးဝ ဂရုမစိုက်ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Kwon Sang Woo ဟာ လက်ရှိမှာ သားလေးတစ်ယောက်မွေးပြီး ပျော်ရွှင်စွာနေထိုင်လျက်ရှိပါတယ်။ လက်တလောမှာ တော့ Kwon Sang Woo တို့ ဇနီးမောင်နှံကိုပရိသတ်တွေ မုန်းတီးတဲ့ အမုန်းတွေ ကုန်ခမ်းသွားခဲ့ပေမယ့် Kwon Sang Woo ရဲ့ နာမည်ကတော့ လူပျို ဘဝတုန်းကလောက် အောင်မြင်မှု မရရှိတော့ပါဘူး။  တစ်ချိန်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပေမယ့် အိမ်ထောင်ရေးကြောင့် နာမည်ပြန်မဆယ်နိုင်ခဲ့တဲ့ တောင်ကိုရီးယားမင်းသား Kwon Sang Woo ရဲ့အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=608,h=774,q=100/e2/e2ff946392e94e89085904a92d63fa1dbd79ec71.jpeg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T