အနာဂတ်မှာ Lisa ကိုယ်ပွားလေးဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးခံနေရတဲ့ YG ရဲ့စင်တင်ထိုင်းမလေး

//s9.kh1.co/66/6689d05a94126e4037a1a5db0a7d38a4b899f630.jpg
အနုပညာရှင်များ

 ၀၂-ဇန်-၂၀၂၃ ၁pm · လွန်ခဲ့သော ၂ နှစ် က

ငယ်ငယ်လေးပဲ ရှိသေးတာကို မျက်နှာလေးက ချွတ်ဆွတ်တူတာနော် ..

Pharita Chaikong ဟာဆိုရင် အနာဂတ်မှာ Lisa နောက်တစ်ယောက် ဖြစ်လာနိုင်တယ်ဆိုပြီး လက်ရှိမှာ ထင်ကြေးပေးခံနေရတဲ့ သူဖြစ်ပါတယ်။ YG အင်တာတိန်းမန့်က မကြာသေးမီကလည်း Baby Monster လို့ခေါ်တဲ့ အိုင်ဒေါလ် အဖွဲ့ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ အဖွဲ့ထဲမှာ ထိုင်းလူမျိုး မိန်းကလေးတစ်ယောက်ဖြစ်တဲ့ Pharita Chaikong လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ Pharita Chaikong က ၂၀၀၅ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်ပြီး Blackpink အဖွဲ့ဝင် Lisa နဲ့ လူမျိုးတူသလို မျက်နှာချင်းလည်း ဆင်တူတဲ့သူဖြစ်ပါတယ်။

Google
Google
Google
Google
Google
Google

Pharita Chaikong က YG အင်တာတိန်းမန့်နဲ့ လက်တွဲမလုပ်ခင်က ကလေးသရုပ်ဆောင်အဖြစ် ဆောင်ရွက်ခဲ့တဲ့သူဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ Champion of the Inter Model Thailand ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့သူဖြစ်တယ်။ Pharita Chaikong ရဲ့ အနာဂတ်အကြောင်းနဲ့ ပတ်သက်ပြီး Netizen တွေက နောင်တစ်ချိန်မှာ BLACKPINK အဖွဲ့ဝင် Lisa လိုမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ လက်ရှိမှာ ဆိုရင်တော့ YG ဘက်ကနေ Pharika ကို တရားဝင် အဖွဲ့ဝင် အဖြစ်တော့ မိတ်မဆက်ပေးရသေးပါဘူး။

Google
Google
Google
Google
Google
Google

Lisa နဲ့ တူတယ်ဆိုပြီး ပရိသတ်တွေကြားမှာ နာမည်ကြီးပြီး စိတ်ဝင်စား မှု မြင့်တက်နေတဲ့ အနာဂတ် Lisa လေး အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T