2022 ခုနှစ်ရဲ့ ဇာတ်သိမ်းအဆိုးဆုံး ဒရမ်မာအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ "Reborn Rich"…

//s9.kh1.co/d6/d6497d5ad7f984bba9ef0553e953b2693fef58bf.jpg
အနုပညာရှင်များ

 ၀၂-ဇန်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဇာတ်သိမ်းပိုင်းလောက်မှာ ရုတ်တရတ် ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့..

မကြာခင်ကမှပြီးသွားခဲတဲ့ ဆောင်းဂျွန်ကီရဲ့ "Reborn Rich" ဒရမ်မာဟာ ၂၀၂၂ ခုနှစ်ရဲ့ အအောင်မြင်ဆုံး ဒရမ်မာဖြစ်ခဲ့ပြီး JTBC အတွက်လည်း အမြတ်အစွန်းတွေအများကြီး ရှာပေးနိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/f2/f2fa15d84c1355f6e09e6ca68b58dc33b8d797c1.jfif

အလွန်ကြွယ်ဝချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်မိသားစုကြီးရဲ့ အတွင်းရေးတွေကို ရိုက်ကူးပုံဖော်ထားတဲ့ အဲ့ဒီဒရမ်မာဟာဆိုရင် ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ ဆောင်းဂျွန်ကီပါဝင်ခဲ့တဲ့အတွက်လည်း ဒရမ်မာဟာပိုပြီး အသက်ဝင်သွားခဲ့ပြီး JTBC သမိုင်းတစ်လျှောက် ကြည့်ရှုမှုဒုတိယအများဆုံး ဒရမ်မမာလည်းဖြစ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=375,q=100/b4/b422041de3ea6db86165a6d696dd9867b29076c5.jpg

ဒါပေမယ့်လည်း ပရိသတ်တွေကတော့ "Reborn Rich" ဟာ 2022 ခုနှစ်ရဲ့ဇာတ်သိမ်းအညံ့ဆုံးဇတ်ကားလို့ ပြောနေကြပါတယ်။ မူရင်းဝတ္ထုထဲမှာ ဆွန်းယန်းဥက္ကဌ ဂျင်ယန်းချောနဲ့ အငယ်ဆုံးမြေး ဂျင်ဒိုဂျွန်းတို့ရဲ့ ဆက်ဆံရေးကိုသေသေချာချာဖော်ပြထားပါတယ်။ ဒါပေမယ့် ဇာတ်ကားရိုက်တဲ့အခါမှာတော့ ဇာတ်သိမ်းပိုင်းလောက်မှာ ရုတ်တရတ် ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဂျင်ဒိုဂျွန်းကို သေစေခဲ့ပြီး သူ့ရဲ့အရင်ဘဝခန္ဓာကိုယ်နဲ့သာ ဆွန်ယန်းကိုဂလဲ့စားချေစေပြီး ဇာတ်ကားကိုအဆုံးသတ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/69/69f33c41610a088edb90813c6deee1cb769bca2f.webp

ဂလဲ့စားချေဖို့ကြိုးစားအားထုတ်မှုတွေနဲ့အတူ ပရိသတ်တွေကိုရင်ခုန်စေခဲ့တဲ့ ဂျင်ဒိုဂျွန်းကို မူရင်းဝတ္ထုထဲကအတိုင်း ဥက္ကဌမဖြစ်စေပဲ သေစေခဲ့ပြီး ဇာတ်ကားကိုပေါ့ပျက်ပျက် ဇာတ်သိမ်းစေခဲ့တာကြောင့် ပရိသတ်တွေဟာ ဒေါသတွေထွက်ခဲ့ကြသလို ဝေဖန်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=435,q=100/d5/d5742b33de7a5cf82f1056779f727ea19414dc49.jpg

2022 ခုနှစ်အတွင်းထွက်ခဲ့တဲ့ ဒရမ်မာတွေထဲမှာ "Twenty five, Twenty One" "Big Mouth" တို့လို ဇာတ်သိမ်းမကောင်းတဲ့ဒရမ်မာတွေရှိပေမယ့် "Reborn Rich" ကတော့အဆိုးဆုံးပဲလို့ ပြောနေကြပါတယ်။

Photos-credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T