တောင်ကိုရီးယားနာမည်ကြီး မင်းသမီးတစ်ဦးဖြစ်တဲ့ ဆောင်းဟေကို ပါဝင်သရုပ်ဆောင်ထားတဲ့ The Glory ဇာတ်လမ်းတွဲဟာ JTBC ရဲ့ နာမည်ကြီး “Reborn Rich” ကို ကျော်ဖြတ်ကာ ကိုရီးယားရဲ့ Netflix ဇယားမှာ ထိပ်ဆုံးနေရာ ရရှိခဲ့ပါတယ်။Netflix Korea ရဲ့ "Today's Top 10 Series" အရ "The Glory" ဟာ အဆင့် (၁) နေရာမှာ ရှိနေပြီး JTBC ရဲ့ "Reborn Rich" က အဆင့် (၂)၊ tvN ရဲ့ ဒရမ်မာ "Alchemy of Souls" က အဆင့်(၃) နေရာမှာ ရှိနေတာဖြစ်ပါတယ်။

The Glory ဟာ နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ "Reborn Rich" ရဲ့နောက် ဒုတိယနေရာသို့ တက်လာခဲ့ပြီး နောက်တစ်နေ့မှာတော့ အားပေးမှုပိုရခဲ့ကာ ပထမအကြိမ်ဆုံးအဖြစ် ပထမနေရာကို ရယူနိုင်ခဲ့ပါတယ်။ ဆောင်းဂျွန်ကီရဲ့ နာမည်ကြီး ဒရာမာ “Reborn Rich” ဟာ တစ်လကျော်ကြာ ထိပ်ဆုံးမှာ ရှိနေခဲ့ပေမယ့် ဆောင်းဟေကို ရဲ့ “The Glory” ဟာ ပရိသတ်စိတ်ဝင်စားမှု ပိုရရှိခဲ့ပြီး အခုလိုအောင်မြင်မှုရရှိခဲ့တာ ဖြစ်ပါတယ်။

“The Glory” ဟာ ဒီဇင်ဘာ (၃၁) ရက်နေ့မှ ဇန်နဝါရီ (၁) ရက်နေ့အထိ နံပါတ် (၅) သို့ သိသိသာသာ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ “The Glory” ဟာ အထက်တန်းကျောင်းတက်စဉ် ကျောင်းအနိုင်ကျင့်ခံရမှု အတွေ့အကြုံကြောင့် စိတ်ဓာတ်ကျခဲ့ရတဲ့ မွန်ဒွန်အန်(ဆောင်းဟေကို) ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားပြီး သူမရဲ့ ဘဝတစ်ခုလုံးကို ကလဲ့စားချေမယ့် အကြောင်းအရာတွေနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးပြထားတာပဲ ဖြစ်ပါတယ်။


Photos: Credit
သတင်း အရင်းအမြစ်៖ kbizoom





