တောင်ကိုရီးယားမင်းသား Lee Jong Suk ဟာဆိုရင် သူအသက် ၂၀ ကျော်ကတည်းက ချစ်ကြိုက်ခဲ့တဲ့ ချစ်သူလေးကို ရအောင် ပိုးပန်းနိုင်ခဲ့တဲ့သူအဖြစ် လက်ရှိမှာ နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ IU နဲ့ Lee Jong Suk တို့က ချစ်သူတွေဖြစ်နေကြပြီဆိုတဲ့အကြောင်းကို လူသိရှင်ကြားထုတ်ဖော်ခဲ့ကြတာဖြစ်ပြီး အချင်းချင်း ဘယ်လောက်ထိ တန်ဖိုးထားကြောင်းကိုလည်း တရားဝင် ထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

Lee Jong Suk က သူ့ အသက် ၂၀ ကျော် အရွယ်မှာကတည်းက အဆိုတော်လေး IU အပေါ်ခံစားချက်ရှိနေခဲ့တာဖြစ်ကြောင်း ၊ သူ့ကိုယ်ပိုင်ဘဝနဲ့နေနေတာတောင် ကောင်မလေးကို စိတ်ထဲမှာ အမြဲ တွေးနေမိကြောင်း ၊ IU က သူ့ရဲ့နှလုံးသားရဲ့ ထောင့်တစ်နေရာမှာ အမြဲနေရာယူထားတဲ့သူဖြစ်ကြောင်း ၊ သူမက သူ့ရဲ့လမ်းကြောင်းမှာ အမြဲတမ်းကူညီပေးနေတဲ့သူဖြစ်ကြောင်း ၊ အသက်ငယ်ပေမယ့် အများကြီးရင့်ကျက်တဲ့သူဖြစ်ကြောင်း ၊ အရွယ်ရောက်နေတဲ့သူဖြစ်ပေမယ့် လိုလိုလားလား ကူညီပေးချင်တဲ့ သူဖြစ်ကြောင်း စသဖြင့် သူ့အတွက် ဘယ်လောက်အထိ အရေးပါလဲဆိုတာကို ဖော်ပြခဲ့ပါတယ်။

IU ဟာဆိုရင်လည်း Lee Jong Suk က သူမအတွက် အချိန်အကြာကြီး ရှိနေခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်ဖြစ်ကြောင်း ၊ သူတို့နှစ်ဦးက တစ်ယောက်အပေါ် တစ်ယောက် မှီခိုပြီး သံယောဇဉ်တွေ တိုးတက်လာခဲ့တာဖြစ်ကြောင်း ၊ Lee Jong Suk ယုံကြည်စရာကောင်းပြီး မှီခိုချင်စရာကောင်းတဲ့သူဖြစ်ကြောင်း ၊သူမကို အမြဲတမ်းချီးကျူးပေးနေပြီး ခွန်အားတွေ အများကြီး ပေးခဲ့တဲ့ သူဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

IU နဲ့ Lee Jong Suk တို့က ပြီးခဲ့နှစ်တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ကမှ အချင်းချင်း တွဲနေကြပြီဆိုတာကို လူသိရှင်ကြားထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။


အသက် ၃၃ နှစ်အရွယ် Lee Jong Suk နဲ့ အသက် ၂၇ နှစ်အရွယ် IU တို့ရဲ့ ကိုကိုနဲ့ ညီမလေးစုံတွဲ အကြောင်းလေးက ပရိသတ်တွေအားလုံးကို ကြည်နူး ပျော်ရွှင် သွားစေပါတယ်။ ထာဝရ ရွှေလက်တွဲ မြဲနိုင်ကြပါစေနော် .. အချောလေး နှစ်ယောက်ရေ ..