ပိန်လွန်းတဲ့ ခန္ဓာကိုယ်နဲ့ အံ့အားသင့်အောင်လုပ်လိုက်တဲ့ Weightlifting Fairy Kim Bok Joo သရုပ်ဆောင်လေး

//s9.kh1.co/d6/d6f8fb84eebaecae10d919a822379c05ea7b4a55.jpeg
အနုပညာရှင်များ

 ၃၀-ဒီ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ကောင်မလေးကမျက်နှာတော်တော်ပြောင်းသွားတာ ..

တောင်ကိုရီးယားမင်းသမီး Cho Hye Jung ဟာဆိုရင် ဝလုံးနေတဲ့ ပုံရိပ်လေးနဲ့ Weightlifting Fairy Kim Bok Joo ဇာတ်လမ်းမှာ နာမည်ကြီးခဲ့တဲ့သူဖြစ်ပါတယ်။ ချစ်ဖို့ကောင်းပြီး ပြည့်ပြည့် လုံးလုံး ပုံရိပ်လေးကြောင့် Cho Hye Jung ကို ဝိုင်းပြီး ချစ်နေကြသူတွေလည်း အများကြီးပဲ ဖြစ်ပါတယ်။ Weightlifting Fairy Kim Bok Joo ဇာတ်လမ်းတွဲက ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပေမယ့် ချစ်ဖို့ကောင်းတဲ့ ဇာတ်လမ်းပုံစံလေးနဲ့ ဇာတ်ကောင်တွေရဲ့ ထူးချွန်မှုတွေကြောင့် ပရိသတ်တွေကို လက်ရှိအချိန်အထိ ပြုံးရယ်စေခဲ့တာဖြစ်ပါတယ်။ 

Google
Google
Google
Google

ပရိသတ်တွေကို ပျော်ရွှင်စေခဲ့တဲ့ သရုပ်ဆောင်လေးတွေထဲမှာ Cho Hye Jung ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Jung Nan Hee လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ Cho Hye Jung ဇာတ်ကောင်က Kim Bok Joo ဇာတ်ကောင်ကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်တဲ့ ဇာတ်ကောင်ဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းကြုံးယူနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ 

Google
Google

မင်းသမီး Cho Hye Jung က မကြာသေးမီက ဖခင်ကြီး ကျူးလွန်ခဲ့တဲ့ ပြစ်မှုကြောင့် အနုပညာ လောကထဲကနေ ပျောက်ကွယ်သွားခဲ့ရတဲ့သူဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ Cho Hye Jung က ပရိသတ်တွေကို အံ့အားသင့်သွားစေမယ့် ဓာတ်ပုံလေးတွေ ဝေမျှပေးရင်း အံ့အားသင့်သွားစေခဲ့ပါတယ်။ 

Google
Google
Google
Google

ထွက်ရှိလာတဲ့ ဓာတ်ပုံ အသစ်လေးတွေထဲမှာ Cho Hye Jung က သဘာဝအတိုင်းလေးနဲ့ ကြည့်ကောင်းနေပြီး အနီးကပ်ပုံလေးတွေတောင် ဆွဲဆောင်မှု ရှိလွန်းနေတာ ဖြစ်ပါတယ်။ ပိန်သွယ်ပြီး လှပစွာနဲ့ ပြောင်းလဲလာတဲ့ ပုံရိပ်လေးကြောင့်လည်း Cho Hye Jung ကို ဘယ်သူများလဲလို့တောင် ခန့်မှန်းခဲ့ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ ဓာတ်ပုံတွေ ထွက်လာလာချင်းမှာ Cho Hye Jung ရဲ့ ပြောင်းလဲမှုကို ပရိသတ်တွေက သတိမထားမိခဲ့ဘဲ နောက်ထပ် လူတစ်ယောက်လားလို့တောင် ထင်မှတ်ခဲ့ကြပါတယ်။ Cho Hye Jung ရဲ့ ပုံစံက Weightlifting Fairy Kim Bok Joo ဇာတ်လမ်းထဲက ပုံစံနဲ့ယှဉ်ရင် တခြားစီ ဖြစ်သွားတာကြောင့် ပရိသတ်တွေက အရမ်းလှလာတယ်ဆိုတဲ့ မှတ်ချက်လေးတွေ ပေးထားကြပါတယ်။ 

Google
Google
Google
Google
Google
Google
Google
Google

ဝတုတ်လေးအဖြစ်ကနေ မမှတ်မိတော့လောက်အောင် ပြောင်းလဲလာတဲ့ တောင်ကိုရီးယားမင်းသမီး Cho Hye Jung ရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T