သီချင်းကောင်းများစွာဖြစ်တဲ့ " ငါ့ရဲလမင်း ၊ ကြိုနှင့်တော့ ၊ မလာပါနဲ့ ၊ လက်ခံပေးပါ ၊ ပြောင်းလဲခြင်းများ " အစရှိတဲ့ ပရိသတ်အကြိုက် သီချင်းကောင်းတွေ ရေးသားပေးတဲ့ တေးရေးဆရာ ရယ်ဂျီ ဟာ ယနေ့ ဒီဇင်ဘာ(၃၀)ရက်နေ့ ၊ နံနက်ပိုင်းက ကွယ်လွန်သွားကြောင်း သိရပါတယ်။

တေးရေး ရယ်ဂျီ ဟာ IronCross Band နဲ့ အတူ တေးသီချင်းကောင်းများစွာကို ဖန်တီးပေးခဲ့ရုံသာမက အဆိုတော် တော်တော်များများအတွက်လည်း သီချင်းကောင်းတွေကို ဖန်တီးရေးသားခဲ့တဲ့ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ သီချင်းတွေကိုလည်း ပရိသတ်တွေကအတော်လေး အားပေးခဲ့ကြပါတယ်။

တေးရေး ရယ်ဂျီ ဟာ ရုတ်တရက်ဆိုသလို ကွယ်လွန်သွားတာဖြစ်ပြီး ဆရာ ရယ်ဂျီ ကွယ်လွန်မှု ဟာ ပြည်တွင်းရှိ အဆိုတော် အသိုင်းအဝိုင်း နဲ့ တေးရေးဆရာအသိုင်းအဝိုင်းအတွက် တကယ်နစ်နာဆုံးရှုံးမှုကြီးတစ်ခုလို့ကို ဆိုရလောက်အောင် နှမြောစရာကောင်းလွန်းလှပါတယ်။
