လက်ရှိအချိန်မှာ တောင်ကိုရီးယားရဲ့ နာမည်ကြီးမင်းသမီးတွေက တစ်ယောက်ဖြစ်တဲ့ Han So Hee ဟာဆိုရင် ငယ်ငယ်ကကြမ်းတမ်းတဲ့ဘဝကို ဖြတ်သန်းခဲ့ရသူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ 1994 ခုနှစ်မှာမွေးဖွားခဲ့တဲ့ Han So Hee ဟာ အခုလိုအောင်မြင်မှုမရခင် လွန်ခဲ့တဲ့ နှစ် 20 လုံးလုံးရုန်းကန်ခဲ့ရသူပါ။

ဆင်းရဲတဲ့မိသားစုကမွေးဖွားလာတဲ့ Han So Hee ဟာငယ်ငယ်ကတည်းက မိခင်ရဲ့လျစ်လျူရှူတာခံခဲ့ရပြီး အဖွားနဲ့အတူကြီးပြင်းခဲ့ရသူဖြစ်ကာ ဆိုးလ်မှာမော်ဒယ်လုပ်ဖို့ တစ်ယောက်တည်းလာခဲ့ရကနေ သူ့ဘဝစခဲ့တာဖြစ်ပါတယ်။

ဆိုးလ်မြို့စရောက်ချိန်က သူ့ရဲ့နေစရိတ်၊ စားစရိတ်ဖူလုံအောင် အရက်ဆိုင်တစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့ရပြီး အလုပ်ကရတဲ့ငွေတွေနဲ့ အကြွေးတွေဆပ်ကာ သူ့အဖွားကိုစောင့်ရှောက်ပေးခဲ့ရပါတယ်။

သူ့ရဲ့သရုပ်ဆောင်ဘဝကတော့ 2016 က "Tell me what to do" ဒရမ်မာနဲ့စခဲ့ရတာဖြစ်ကာ 2020 လောက်မှာစပြီးလူသိများ အောင်မြင်လာတာဖြစ်ပါတယ်။ သူ့ရဲ့သရုပ်ဆောင်မှုတွေဟာ ဆောင်းဟေကိုရဲ့ ပုံစံနဲ့တူတယ်ဆိုကာ ဆောင်းဟေကိုအသေးလေးဆိုပြီးလည်း ပရိသတ်တွေကြားလူသိများကြတာဖြစ်ပါတယ်။လက်ရှိမှာတော့ Han Soo hee ဟာ ဒရမ်တွေအဆက်အပြတ် ရိုက်ကူးနေရတဲ့အပြင် ကြေညာတွေနဲ့ fashion brand တွေရဲ့ ambassador လုပ်ရတဲ့အထိ အောင်မြင်မှုတွေအများကြီး ရရှိလို့နေပါတယ်။