ဆူရှန်ဆင်း အသတ်ခံရကြောင်း သိသိချင်းတည်းက အမှုစုံစမ်းခွင့်ပိတ်သိမ်းခဲ့တဲ့ မွမ်ဘိုင်းရဲတပ်ဖွဲ့

//s9.kh1.co/76/76cb7f0ad570dc7f69e86b5b4c9372defd37f97d.jpg
အနုပညာရှင်များ

 ၂၉-ဒီ-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဆူရှန်ဆင်း အသတ်ခံရကြောင်းဖွင့်ဟလာတဲ့ ရင်ခွဲရုံမှ ဝန်ထမ်းအဖိုးကြီးကလည်း..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

အားလုံး ချစ်ခင်မြတ်နိုးကြပြီး သရုပ်ဆောင်ကောင်းလွန်းတာကြောင့် နာမည်ကျော်ကြားသူ ဘောလိဝုဒ်ကြယ်ပွင့် ဆူရှန်ဆင်း ဟာ (၂၀၂၀)ခုနှစ်က ကိုယ့်ကိုကိုယ်သတ်သေခဲ့တယ်လို့ သိထားခဲ့ရပေမယ့် မင်းသားဆူရှန်ဆင်း ဟာ ကိုယ့်ကိုကိုယ် သတ်သေတာမဟုတ်ပဲ အသတ်ခံရတာ ဖြစ်ကြောင်း အလောင်းခွဲစိတ်စစ်ဆေးရာမှာ ပါဝင်ခဲ့တဲ့ ရင်ခွဲရုံဝန်ထမ်း ကူမားရှားက သိပ်မကြာခင်ရက်ပိုင်းက မီဒီယာမှာ ပွင့်လင်းစွာပဲ ဖွင့်ချလာခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ရင်ခွဲရုံဝန်ထမ်း အဖိုးကြီး ကူမားရှား က ဆူရှန်ဆင်းဆုံးတဲ့ ဇွန်လ (၁၄) ရက်နေ့ က ဆူရှန်ဆင်း ရဲ့ အလောင်းကို သူကိုယ်တိုင်စစ်ခဲ့ရကြောင်း ၊ ဆူရှန်ဆင်းရဲ့ အလောင်း ဟာ ဆွဲကြိုးချပြီး သေဆုံးသူတွေမှာ တွေ့ရတဲ့ လက္ခဏာမျိုးမဟုတ်တဲ့အပြင် လက်နဲ့ ကိုယ်ခန္ဓာပေါ်မှာ ပုံမှန်မဟုတ်တဲ့ အတွင်းဒဏ်ရာပုံစံမျိုးတွေ့ခဲ့ရတယ်လို့ ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ထိုကိစ္စကို ၎င်းအချိန်တည်းက သူ့အထက်အရာရှိကို သွားအစီရင်ခံပေမယ့် သူပြောတာကို အရေးမစိုက်ပဲ အထက်အမိန့်ဆိုပြီး ဆေးစစ်ချက်ကို သတ်သေတယ် လို့ပဲ မှတ်တမ်းသွင်းရေးသားပေးပို့ခဲ့ကြောင်း ဖွင့်ချသွားခဲ့ပြီးနောက်မှာ ဘီဟားရဲတပ်ဖွဲ့ကလည်း သူတို့ကို မွမ်ဘိုင်းရဲတပ်ဖွဲ့က ဒီအမှုကို ဆက်လက်မစုံစမ်းခိုင်းခဲ့တာဖြစ်တယ်လို့ သက်သေခိုင်လုံစွာ အတိအလင်းပြောကြားလာခဲ့ပါတယ်။ တကယ်သာဆိုရင်တော့ ဒီအမှုဟာ အတော်လေးစိတ်ဝင်စားစရာကောင်းနေတာကြောင့် ပြည်သူကတော့ အတော်လေးစိတ်ဝင်စားနေကြပါပြီ။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T