ဆင်းရဲလွန်းပြီး ရင်နာစရာကောင်းတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတယ်ဆိုတဲ့ Park Shin Hye

//s9.kh1.co/21/21e20368ed7f09c3a0b00265ccb84eb7a0cc40b8.jpg
အနုပညာရှင်များ

 ၃၁-ဒီ-၂၀၂၂ ၈am · လွန်ခဲ့သော ၃ နှစ် က

ငယ်ငယ်တုန်းက ဆင်းရဲလွန်းပြီး ရင်နာစရာကောင်းတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတယ်ဆိုတဲ့ Park Shin Hye

မင်းသား Choi Tae Joon နဲ့ လက်ထပ်ပြီးကတည်းက မင်းသမီး Park Shin Hye ဟာ သားလေးတစ်ယောက်မွေးဖွားခဲ့ပြီး မိခင်ဖြစ်လို့လာခဲ့ပါပြီ။ သူတို့ရဲ့ မင်္ဂလာပွဲကို2022 ခုနှစ် မေလမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/fa/facde8fb182d450688c4d23fca180e7b4175fcd1.jpg

မင်းသမီး Park Shin Hye ရဲ့ အတိတ်ကို ကြည့်ရင် သူမဟာ ကောင်းမွန်တဲ့ ဘဝလေးကို ပိုင်ဆိုင်ခဲ့ပြီး အာရှတစ်ခွင်မှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမက ငယ်စဉ်တုန်းက ခက်ခဲကြမ်းတမ်းတဲ့ ဘဝမှာ နေထိုင်ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=922,q=100/aa/aabcdb4791570f10dedb6483d17803d4bdb9eecc.jpg

“Knowing Brother” ရှိုးမှာ မင်းသမီးက သူ့မိသားစုက အရမ်းဆင်းရဲတယ်လို့ ပြောခဲ့ပါတယ်။ သူမ မူလတန်းကျောင်းတက်တုန်းက သူမမိသားစုရဲ့ ပိုက်ဆံတွေအကုန်လုံးကို လုယက်ခံခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=811,q=100/76/76543a25d7ca49911f43c58b0533d85d89e58b62.jpg

ဒါကြောင့် သူမက ငယ်ငယ်တုန်းက မင်းသမီးဖြစ်ဖို့ထက် ရဲအရာရှိဖြစ်ဖို့ အိပ်မက်မက်ခဲ့ပါတယ်။ အကြောင်းအရင်းကတော့ သူမကြီးလာရင် သူ့မိသားစုကို ကာကွယ်ဖို့ ရဲတစ်ယောက်ဖြစ်ချင်တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/0d/0dc7baa7ecf94e2602f907f83ca9e4692ea2204a.jpg

ဒါပေမယ့် နောက်ဆုံးမှာတော့ Park Shin Hye ဟာ ဘဝအတွက် အခွင့်အရေးကောင်းတွေရခဲ့ပါတယ်။ သူမက ကိုရီးယားဒရာမာဇာတ်လမ်းတွဲတွေမှာ နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်ခဲ့ပြီး ငယ်စဉ်ကတည်းက အကောင်းဆုံးဇာတ်ဆောင်ဆုတွေရရှိကာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်လျက်ရှိပြီး ယနေ့ထက်တိုင် အောင်မြင်ကျော်ကြားနေပါတယ်။

https://s9.kh1.co/__image/w=650,h=725,q=100/01/0188753ddac17f770ac085f202f51ea680defbf4.jpg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T