မင်းသမီး လီမင်ဂျောင်ဟာ သူ့ခင်ပွန်းဖြစ်တဲ့ လီဗြောင်ဟွန်း ဘယ်လောက်ချစ်တတ်ကြောင်းကို အစီအစဉ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။ “Radio Star” ဆိုတဲ့အစီအစဉ်မှာ သူရဲ့ စံပြအမျိုးသားပုံစံကို ပြောပြလိုက်တဲ့အခါ လီဗြောင်ဟွန်းဘယ်လိုတုံ့ပြန်ခဲ့ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။

လီမင်ဂျောင်နဲ့ လီဗြောင်ဟွန်းတို့ဟာ (၂၀၁၃) ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သားတစ်ယောက်ရှိကာ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဒီဇင်ဘာ (၂၈) ရက်က ထုတ်လွှင့်ခဲ့တဲ့ MBC ရဲ့ “Radio Star” မှာ လီမင်ဂျောင်ဟာ ကွမ်ဆမ်ဝူး၊ကင်နမ်ဟီး၊ယူဆွန်ဟို တို့နဲ့အတူ “ Rich actors who have box office hits” ဆိုတဲ့ အထူးဇာတ်လမ်းကို ကြိုတင်ကြည့်ရှုခဲ့ပါတယ်။

အကြိုကြည့်ရှုနေစဉ် လီမင်ဂျောင်ဟာ သူတို့လက်မထပ်မီ လီဗြောင်ဟွန်း အကြောင်းကို ပြောပြခဲ့ပြီး သူမရဲ့ စံပြအမျိုးသားပုံစံအကြောင်း လီဗြောင်ဟွန်းကမေးတဲ့အခါ `` ကျွန်မရဲ့ စံပြပုံစံက ပုလင်းအဖုံးဖွင့်နိုင်တဲ့ အမျိုးသားတစ်ယောက်ပါ ''လို့ ပြောခဲ့ပြီး ``သူက သွားနဲ့ ပုလင်းကို ချက်ချင်းဖွင့်လိုက်ပါတယ်” လို လီမင်ဂျောင်က ပြောပြခဲ့ပါတယ်။ဒီအကြောင်းနဲ့ပက်သက်ပြီး ယူဆွန်ဟိုက ``ပုလင်းဖွင့်ပြီး လီဗြောင်ဟွန်း က တောက်ပတဲ့အပြုံးတွေ ပြလိုက်တာပေါ့ '' လို့ပြောတော့ လီမင်ဂျောင်က ရီမောခဲ့ပါတယ်။


Photos: Credit
သတင်း အရင်းအမြစ်៖ kbizoom