အလှပျက်မှာကြောက်သူလို့ လူသိများပေမယ့် The Glory ထဲမှာ မိတ်ကပ်မပါခဲ့တဲ့ Song Hye Kyo

//s9.kh1.co/da/dad2270e57c915cd6de6fbd940c180b506ef65ef.jpg
အနုပညာရှင်များ

 ၂၉-ဒီ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

လုံးဝကို သဘာဝ မင်းသမီးပါနော် ..

တောင်ကိုရီးမင်းသမီး Song Hye Kyo ဟာဆိုရင် သူမရဲ့ မျက်နှာကို ကြည့်မကောင်းတဲ့သူအဖြစ် မြင်ကြတာကို ကြောက်တဲ့သူလို့ လူသိများတဲ့သူဖြစ်ပါတယ်။ ဒါ‌ ပေမယ့်လည်း လက်ရှိမှာ ရိုက်ကူးနေတဲ့ The Glory ထဲမှာ Song Hye Kyo ရဲ့ မိတ်ကပ်မပါတဲ့ မျက်နှာကို ပရိသတ်တွေက အံ့ဩခဲ့ကြပါတယ်။ Song Hye Kyo ရဲ့ လက်ရှိအသက်က ၄၀ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး အခုလို မိတ်ကပ်မပါတဲ့ ပုံစံကို ချပြရဲတဲ့ သတ္တိက တော်ရုံတော့မဟုတ်ပါဘူး။ Song Hye Kyo ဟာဆိုရင် အလှအပနဲ့ပတ်သက်ပြီး သတိထားတဲ့သူဖြစ်ပြီး မကြာသေးမီကလည်း  The Glory ရဲ့ ပရိုမိုးရှင်း အခမ်းအနားမှာ ပေါက်ကြားလာတဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး အိုမင်းနေပြီဆိုတဲ့ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

Google
Google
Google
Google

လက်ရှိမှာ ရေပန်းစားနေတဲ့ The Glory ထဲမှာ Song Hye Kyo က ချစ်ဖို့ကောင်းတဲ့ မိတ်ကပ်အပြည့်နဲ့ကောင်မလေးတစ်ယောက်ပုံစံထက် လုံးဝကို ကွဲထွက်သွားတဲ့ ကပိုကရို မိတ်ကပ်မပါတဲ့ မျက်နှာလေး ဖြစ်နေပါတယ်။ The Glory ထဲမှာ တွေ့ရတဲ့ Song Hye Kyo ရဲ့ ပုံစံက ပေါ့ပေါ့ပါးပါး ပုံစံမျိုးလေးဖြစ်ပြီး အလှတွေလည်း အများကြီး မပြင်ဆင်ထားပါဘူး။

Google
Google
Google
Google
Google
Google

ဒါ ကြောင့် The Glory ဇာတ်လမ်းက Song Hye Kyo ရဲ့ မအိုသေးဘဲ နုပျိုနေဆဲ အလှတရားတွေကို သက်သေပြပေးနိုင်တဲ့ ဇာတ်လမ်းတွဲဖြစ်တယ်လို့ ပရိသတ်တွေက ခန့်မှန်းထားကြပါတယ်။ ဒါ အပြင် The Glory ထဲမှာ Song Hye Kyo ကို အရင်က တစ်ခါမှ မတွေ့ဖူးတဲ့ ပုံစံနဲ့ ပရိသတ်တွေက မြင်တွေ့ကောင်း တွေ့နိုင်တယ်လို့လည်း ဆိုကြပါတယ်။

Google
Google
Google
Google

The Glory ဇာတ်လမ်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ထွက်ရှိသွားဖို့ ရှိပြီး ပရိသတ်တွေက များစွာ မျှော်လင့်ထားကြပါတယ်။  

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T