တစ်ပတ်အတွင်း အောင်မြင်မှု အသီးသီးရခဲ့တဲ့ BTS အဖွဲ့ဝင် သုံးယောက်

//s9.kh1.co/77/775bc7ed62e2dc139b0509b1efa36e8f8ad7a75e.jpg
အနုပညာရှင်များ

 ၂၈-ဒီ-၂၀၂၂ ၉pm · လွန်ခဲ့သော ၂ နှစ် က

BTS ဟာ အဖွဲ့လိုက်အောင်မြင်မှုတွေသာမကပဲ တစ်ဦးချင်းစွမ်းဆောင်ရည်လည်း မြင့်မားကြောင်း.....

BTS အဖွဲ့ဝင် သုံးယောက် ဖြစ်တဲ့ အဖွဲ့ခေါင်းဆောင် RM၊Vနဲ့ Jung Kook တို့ဟာ တစ်ပတ်အတွင်း စံချိန်အသီးသီးတင်နိုင်ခဲ့ကြောင်း သိရပါတယ်။BTS ဟာအဖွဲ့လိုက်အောင်မြင်မှုတွေပဲ ရယူနိုင်ရုံသာမက တစ်ဦးချင်းအောင်မြင်မှုတွေပါ ရယူနိုင်ထားကြတာဖြစ်ပါတယ်။

RM

https://s9.kh1.co/__image/w=650,h=366,q=100/7c/7cc04a79c14a5cb76ea772928f789eebc70d11da.jpg

အဖွဲ့ခေါင်းဆောင်ဖြစ်သူ RM ဟာ သူ့ရဲ့ အယ်လ်ဘမ်အသစ် Indigo ထွက်ရှိပြီးကတည်းက စံချိန်ဟောင်းတွေကို ချိုးဖျက်ပြီး အသစ်အသစ်တွေကို ဖန်တီးနေတာပဲဖြစ်ပါတယ်။အယ်လ်ဘမ်မှာ J-Hope နဲ့ Suga တို့ပါဝင်ပြီး ကြည့်ရှုသူ (၁) ဘီလီယံကို ကျော်ဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ပိုသိသာတာက သူ့အယ်လ်ဘမ်ဟာ Billboard 200 ဇယား နံပါတ် (၃) မှာ ရပ်တည်ခဲ့ပြီး ထိပ်တန်း (၅) ဦး စာရင်းဝင်တဲ့ ပထမဆုံး ကိုရီးယားတစ်ကိုယ်တော် အဆိုတော် ဖြစ်လာခဲ့ပါတယ်။

Jung Kook

https://s9.kh1.co/__image/w=650,h=434,q=100/b5/b5a3bfd56453fa4158dcaae1ce715f82caab3dfd.png

Jung Kook ဟာ တစ်ကိုယ်တော်အခွေ (၃)ခွေနဲ့ ထူးခြားတဲ့ နှစ်တစ်နှစ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ သူဟာ Chakho အတွက် Suga နဲ့အတူ Stay Alive၊Charlie Puth နဲ့အတူ Left And Right၊ကမ္ဘာ့ဖလားဖွင့်ပွဲမှာသီဆိုခဲ့တဲ့ Dreamers စတဲ့ သီချင်းတွေပါဝင်ခဲ့ပြီး ကမ္ဘာ့ဖလားဖွင့်ပွဲမှာ ဖျော်ဖြေတဲ့ ပထမဆုံးသော အာရှအနုပညာရှင် ဖြစ်လာခဲ့ပါတယ်။ဒီတစ်ပတ်မှာတော့ Spotify မှာ ရေပန်းအစားဆုံး Korean soloist ဖြစ်လာခဲ့ပြီး နားထောင်သူ သန်း (၇၀၀) ကိုရရှိတဲ့ အမြန်ဆုံး ကိုရီးယားတေးသံရှင် ဖြစ်လာခဲ့ပါတယ်။

V

https://s9.kh1.co/__image/w=650,h=359,q=100/d0/d00596dba2db2d99c69778b9bdb9dc304ac62540.png

V ဟာ ဒီဇင်ဘာ (၂၄) ရက်မှာ "It's beginning to look a lot a christmas ''ကာဗာကို ARMY တွေကို အကောင်းဆုံးလက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။ထွက်ရှိပြီးမကြာခင်မှာ ကာဗာဟာ music video နဲ့ တေးဂီတအမျိုးအစားနှစ်ခုစလုံးမှာ နှစ်ရက်ဆက်တိုက် YouTube ရဲ့ နံပါတ် ၁ နေရာရောက်ရှိပြီး ကမ္ဘာတစ်ဝှမ်းမှာ ရေပန်းစားခဲ့ပါတယ်။ကာဗာဟာ Soundcloud Global ဇယားမှာ နံပါတ် (၁) အအောင်မြင်ဆုံး ကိုရီးယားအဆိုတော်အဖြစ် သူ့ရဲ့ကိုယ်ပိုင်စံချိန်ကို ချိုးဖြတ်ခဲ့တာဖြစ်ပါတယ်။

သတင်း အရင်းအမြစ် Soompi

Photos: Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T