တောင်ကိုရီးယားမင်းသား Song Joong Ki ရဲ့ ချစ်သူအသစ်ဖြစ်တဲ့ Katy Louise Saunders ရဲ့ သတင်းဟာဆိုရင် ပရိသတ်တွေကြားမှာ နာမည်ကြီးပြီး လူစိတ်ဝင်စားမှု မြင့်တက်လျက်ရှိပါတယ်။ ထွက်ရှိလာတဲ့ သတင်းတွေအရ Katy Louise Saunders က လူလွတ်တစ်ယောက်မဟုတ်ဘဲ ဆယ်နှစ်အရွယ် သမီးလေးတစ်ယောက်ရဲ့ မိခင်ဖြစ်ပါတယ်။ နောက်ထပ် ထွက်ရှိလာတဲ့သတင်းတွေအရလည်း သူမမှာ နောက်ထပ် သားတစ်ယောက်ရှိနေတယ်လို့ သိရပါတယ်။

၂၀၁၃ ခုနှစ်မှာ အီတလီအင်တာတိန်းမန့်သတင်းဌာနက ထွက်ရှိလာတဲ့ အချက်အလတ်တွေအရ ဗြိတိန်မင်းသမီး Katy Louise Saunders က အီတလီကားထုတ်လုပ်ရေး ကုမ္ပဏီ Pirelli ပိုင်ရှင်ရဲ့ သားနဲ့ စေ့စပ်ထားတဲ့သူဖြစ်တယ်လို့ သိရပါတယ်။ ဒါ ကြောင့် Katy Louise Saunders ရဲ့ ခင်ပွန်းဟောင်း ဖြစ်သူက Giovanni Tronchetti Provera ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ HighZium Studio ရဲ့ ဖော်ပြချက်အရ မင်းသား Song Joong Ki က ဗြိတိန်မင်းသမီး Katy Louise Saunders နဲ့ တွဲနေခဲ့ကြတာ ၁ နှစ်ကြာသွားပြီလို့ သိရပါတယ်။ အခြား အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့တော့ သီးခြား ထုတ်ပြန် ထားခြင်း မရှိသေးပါဘူး။

Katy Louise Saunders က ၂၀၀၂ ခုနှစ်မှာ A Scandalous Journey အမည်ရှိတဲ့ ရုပ်ရှင်မှာပါဝင်ခဲ့ပြီး သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။ Katy Louise Saunders က ၂၀၁၂ ခုနှစ်မှာ သမီးဦးလေးတစ်ယောက်ကို ဖွားမြင်ခဲ့ပြီး လက်ရှိမှာ ၁၀ နှစ်အရွယ်သမီးတစ်ယောက်နဲ့ သားတစ်ယောက် ရှိနေပြီလို့ သိရပါတယ်။

Katy Louise Saunders ရဲ့ ကလေးနှစ်ယောက်ကလည်း ဖခင်မတူကြဘူးလို့ သိရပြီး Katy Louise Saunders က လက်ရှိမှာ Single Mother အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။


ကလေး နှစ်ယောက်စလုံးကို လက်ရှိမှာ ဖခင်တွေဘက်က တာဝန်ယူထားကြတယ်လို့ သိရပါတယ်။ Song Joong Ki ဘက်ကတော့ ချစ်သူရဲ့ ဖြစ်စဉ်အားလုံးကို လက်ခံပေးထားတဲ့ ပုံစံမှာ ရှိနေပြီး ထွက်လာတဲ့ အရှုပ်အထွေးတွေနဲ့ ပတ်သက်ပြီး ရှင်းပြထားတာမျိုး မရှိသေးပါဘူး။