ဒီဇင်ဘာ(၂၄)ရက်နေ့ က အာသောက မင်းသမီးချော အဟံကာရာ ဟာ ကိုယ့်ကိုကိုယ်သတ်သေ ကာ အဆုံးစီရင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပြီး သူမသေဆုံးမှု နဲ့ပတ်သက်၍ သူမရဲ့ ချစ်သူ မင်းသားချော ရှီဇန်ခန်း ဟာ လတ်တလောမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။


ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မင်းသမီးတူနီးရှားဟာ ဆေးသောက်နေရပြီး စိတ်ရောဂါကုထုံးဆရာဝန်နှင့်တွေ့နေရကြောင်း ၊ သူမ ကွယ်လွန်ပြီးနောက် ရှီဇန်ခန်း ကို တူနီးရှားရဲ့ မိခင်က တိုင်ကြားခဲ့တာကြောင့် အိန္ဒိယနိုင်ငံရဲ့ ပုဒ်မ (၃၀၆) ဖြင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


ရှီဇန်ခန်း ဟာ အဟံကာရာ အား ဖောက်ပြန်ပြီး ချစ်သူအဖြစ်မှပြတ်ဆဲခဲ့ပေမယ့် အဟံကာရာ က မပြတ်နိုင်ကာ အရမ်းခံစားရတာကြောင့်အခုလို ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါသေဆုံးမှုကိုလည်း ရှီဇန်ခန်း နဲ့ သက်ဆိုင်တယ်လို့ယူဆကာ လတ်တလောမှာ ရှီဇန်ခန်းကို အရေးယူထားတာဖြစ်ပြီး စစ်ဆေးမေးမြန်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။



