အချစ်အက်ရှင်ဇာတ်လမ်းတွဲ အသစ်မှာ တွဲမြင်ရနိုင်တဲ့ Rain နဲ့ Kim Ha Neul

//s9.kh1.co/c8/c8034b4153c4169fd71123c906d31698bd92066d.jpg
အနုပညာရှင်များ

 ၂၇-ဒီ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

Rain နဲ့ Kim Ha Neul တို့ဟာ အေဂျင်စီတွေဆီသို့ ကမ်းလှမ်းမှုတွေ ရရှိထားပြီးဖြစ်ကာ.....

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် မင်းသား၊မင်းသမီးတွေဖြစ်တဲ့ Rain နဲ့  Kim Ha Neul တို့ကို ဇာတ်လမ်းတွဲအသစ်မှာ ပရိသတ်အနေနဲ့ တွဲမြင်ရနိုင်ကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။Rain နဲ့ Kim Ha Neul တို့ဟာ တစ်ကမ္ဘာလုံးနှစ်သက်သဘောကျကြတဲ့ ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြပြီး ဇာတ်လမ်းတွဲရိုက်ဖြစ်ခဲ့ရင်တော့ ပရိသတ်တွေအားပေးမှုကြီးကြီးမားမားရရှိမှာ အသေအချာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=445,q=100/68/681f88dfb604a79884f73d2962750fefb6c45a37.jpg

Rain ရဲ့ အေဂျင်စီ RAINCOMPANY ကို 'She' ဆိုတဲ့ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းချက်တစ်ခုရရှိထားတာဖြစ်ပြီး ဆွေးနွေးနေဆဲဖြစ်ကာ Kim Ha Neul ရဲ့ အေဂျင်စီ IOK Company မှာလည်း အလားတူကမ်းလှမ်းချက်ရရှိထားတာပဲဖြစ်ပါတယ်။ ` She ‘ ဟာ အချစ်အက်ရှင်ဇာတ်ကားဖြစ်ပြီး  ဒါရိုက်တာ Park Hong Kyun က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/b5/b55eda008912def6d7952d6cd8ca8fed4210ac45.jpg

Kim Ha Neul ဟာ Oh Wan Soo အဖြစ် သရုပ်ဆောင်ဖို့ ဆွေးနွေးနေပြီး Rain ကတော့ Seo Do Yoon ဇာတ်ရုပ်အတွက် ကမ်းလှမ်းမှုရရှိထားကြတာ ဖြစ်ပါတယ်။ဇာတ်လမ်း အကျဉ်းအရ Seo Do Yoon ဟာ ကလဲ့စားချေဖို့ အတွက် Oh Wan Sooရဲ့ ဘ၀ထဲကို ပထမဆုံးဝင်ရောက်ခဲ့ပြီး နောက်ဆုံးမှာ သူမရဲ့ ကိုယ်ရံတော်ဖြစ်လာခဲ့ကာ  အိမ်ပြာတော်ရှိ သမ္မတဟောင်းရဲ့ သက်တော်စောင့်တစ်ဦးဖြစ်တဲ့အပြင်၊ထူးချွန်တဲ့ ကိုယ်ခံပညာစွမ်းရည်နဲ့ ရဲတက္ကသိုလ်ဘွဲ့ရတစ်ဦးပဲဖြစ်ပါတယ်။ Oh Wan Soo အသက်ကို ကယ်တင်ပြီးနောက် သူမကိုယ်ရံတော်ကို စိတ်ဝင်စားလာခဲ့ပြီး ဘာတွေဆက်ဖြစ်မလဲ ဆိုတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတွဲတစ်ခုကို ရိုက်ကူသွားမှာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=367,q=100/2d/2d9726ab373e0c1185c0a910a69e6d4e4ddd6343.avif
https://s9.kh1.co/__image/w=650,h=488,q=100/22/221c72f32cf29424f2249d10fdbdddeb53ce2ddd.jpg

Photos: Credit

သတင်း အရင်းအမြစ် Soompi

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T