လူစိတ်ဝင်စားမှုမြင့်တက်နေတဲ့ Song Joong Ki နဲ့ ချစ်သူကောင်မလေးတို့ တွေ့ဆုံဖြစ်ခဲ့ကြပုံအကြောင်း

//s9.kh1.co/c5/c5f2a12d4b90787baa0306c727fafd57430171c6.jpg
အနုပညာရှင်များ

 ၂၇-ဒီ-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

.

တောင်ကိုရီးယားမင်းသား Song Joong Ki က မကြာသေးမီက သူ့ရဲ့ချစ်သူလေးရဲ့ ပုံရိပ်ကိုချပြခဲ့တာကြောင့် ပရိသတ်တွေကြားမှာ သူမရဲ့သတင်းက လူစိတ်ဝင်းစားမှုမြင့်တက်နေပါတယ်။ Song Joong Ki က ဒီဇင်ဘာလ ၂၆ ရက်နေ့တုန်းက ယူကေက အနုပညာလောကထဲက မဟုတ်တဲ့သူနဲ့ ချိန်းတွေ့နေတယ်လို့ သတင်းတွေ ထွက်ရှိခဲ့ပြီး ကောင်မလေးနဲ့ အကြောင်းအရာများကလက်ရှိမှာ စိတ်ဝင်စားမှု မြင့်တက်နေခဲ့ပါတယ်။

Google
Google

Song Joong Ki ရဲ့ ချစ်သူကောင်မလေးက ဗြိတိန်လူမျိုး ဖခင်ကြီးနဲ့ ကိုလန်ဘီယံလူမျိုး မိခင်ကြီးတို့ကနေ မွေးဖွားခဲ့တဲ့သူဖြစ်ပါတယ်။ သူမက ကလေးဘဝတုန်းက လန်ဒန် ၊ အင်္ဂလန်နဲ့ ၊ အီတလီတို့မှာနေထိုင်ခဲ့တာဖြစ်ပါတယ်။ Song Joong Ki ထက် အသက် ၁ နှစ်ပိုကြီးပြီး ၁၉၈၄ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

Google
Google

လက်ရှိထွက်နေတဲ့သတင်းတွေအရ Song Joong Ki ရဲ့ ချစ်သူကောင်မလေးက အနုပညာလောကကနေ အနားယူပြီး ဘာသာစကား ဆရာမအဖြစ် လုပ်ကိုင်နေတဲ့ ဟောလိဝုဒ်သရုပ်ဆောင် Katy Louise Saunders လို့ သိရပါတယ်။

Google
Google

Song Joong Ki  ဘက်ကနေ Vincenzo ဇာတ်လမ်းရိုက်ကူးရေးအတွက် အီတလီဘာသာစကားလေ့လာရင်းနဲသူတို့နှစ်ဦး တွေ့ဆုံဖြစ်ခဲ့တာလို့ သိရပါတယ်။ Song Joong Ki ကိုယ်တိုင်ကလည်း Katy Louise Saunders ဆီကနေ ဘာသာစကားတွေသင်ကြားရင်းနဲ့ ချစ်ကျွမ်းဝင်ခဲ့တာဖြစ်ပါတယ်။

Google
Google

ဘာသာစကားစရာမလေးကို ချစ်သူတော်ထားရတာကြောင့် Song Joong Ki   အနေနဲ့ ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ သူမတူအောင် ဘာသာစကား စွမ်းရည် မြင့်မားနေတာ အံ့ဩစရာတော့မရှိပါဘူးနော်။ တောင်ကိုရီးယားမင်းသား Song Joong Ki  နဲ့ သူမရဲ့ချစ်သူတို့တွေ့ဆုံဖြစ်ခဲ့ပုံအကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T