BTS အဖွဲ့ဝင် Jung Kook ဟာ (၂၀၂၂) ခုနှစ်ရဲ့ လူကြိုက်အများဆုံး K-pop အဆိုတော်အဖြစ် သတ်မှတ်ခံရရုံသာမက လူကြိုက်အများဆုံး တေးသီချင်း ပိုင်ရှင်အဖြစ်ပါ ရပ်တည်နိုင်ခဲ့ပါတယ်။Jung Kook သီဆိုထားတဲ့ Dreamers သီချင်းဟာ ပရိသတ်တွေအကြား ရေပန်းစားခဲ့ပြီး 2022 ခုနှစ်ရဲ့ Anghami မှာ လူကြည့်အများဆုံးသီချင်းဖြစ်လာခဲ့ပါတယ်။

အာရပ်၊ အရှေ့အလယ်ပိုင်း နဲ့ မြောက်အာဖရိကရှိ အကြီးဆုံးတေးဂီတထုတ်လွှင့်မှုအဖွဲ့အစည်း ဖြစ်တဲ့ Anghami ဟာ (၂၀၂၂) ခုနှစ်အတွက် နှစ်ကုန်ဇယားများကို ထုတ်ပြန်ခဲ့ပြီး (၂၀၂၂) ခုနှစ်ရဲ့ ထိပ်တန်း K-Pop အနုပညာရှင်များစာရင်းမှာ Jungkook ဟာ နံပါတ် (၁) တစ်ကိုယ်တော်အနုပညာရှင်အဖြစ် ရပ်တည်ခဲ့ပြီး မကြာသေးမီကထွက်ရှိခဲ့တဲ 'Dreamers' ဟာလည်း K-Pop နဲ့ Korean Act သမိုင်းမှာ အလျင်မြန်ဆုံးသီချင်းအဖြစ် (၁၄) ရက်အတွင်းပြသခဲ့ပြီး လက်ရှိမှာ (၁.၉) သန်းကျော်ရှိနေပြီဖြစ်ပါတယ်။

BTS အယ်လ်ဘမ် 'Love Yourself: Answer' မှာ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ တစ်ကိုယ်တော်သီချင်း 'Euphoria' ဟာလည်း Anghami မှာ ပြသမှု (၂.၃) သန်းဖြင့် K-Pop Act သမိုင်းတစ်လျှောက် ရေပန်းအစားဆုံး တစ်ကိုယ်တော် သီချင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။


Photos: Credit
သတင်း အရင်းအမြစ်៖ allkpop





