YG Entertainment နဲ့ G-Dragon ဆက်လက်လက်တွဲသွားမှာလား

//s9.kh1.co/16/16ad4ebe269fc5581c85ed093663dc1fa7749b3d.jpg
အနုပညာရှင်များ

 ၂၆-ဒီ-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

မကြာသေးမီက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Tae Yang ဟာ YG နဲ့စာချုပ်မချုပ်တော့ပဲ အေဂျင်စီပြောင်းတော့မယ်ဆိုတဲ့ သတင်းကြောင့်.........

တောင်ကိုရီးယားအကျော်အမော် G-Dragon ဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ အသည်းနှလုံးကို အခုချိန်အထိသိမ်းပိုက်ထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။သူဟာ  အဆို၊အကပိုင်း သာမကပဲ ဖက်ရှင်နဲ့ နေထိုင်မှုပုံစံတွေကြောင့် ယောကျာ်းလေး၊မိန်းကလေးမရွေး သဘောကျကြပြီး King of K-pop လို့ တင်စားကြတာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=365,q=100/e0/e0bd37c20d88cf36a9897cc648c17ed0a19bda73.jpg

G-Dragon ဟာ Big Bang နဲ့အတူအောင်မြင်မှုများစွာ သိမ်းပိုက်ထားရုံမက တစ်ဦးချင်းအောင်မြင်မှုများစွာလည်း ရရှိထားပြီး YG Entertainment နဲ့လက်တွဲလာခဲ့တာလည်းကြာခဲ့ပြီ ဖြစ်ပါတယ်။မကြာသေးမီကထုတ်ပြန်ချက်အရ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Tae Yang ဟာ YG နဲ့စာချုပ်မချုပ်တော့ပဲ အေဂျင်စီပြောင်းမယ်ဆိုတဲ့ သတင်းကြောင့်  G-Dragon ဟာလည်း YG နဲ့ဆက်လက် လက်တွဲသွားမလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=470,q=100/14/14addbb0099fdf0e72ea204e2e87044ed08198c5.jpg

တခြား Big Bang အဖွဲ့ဝင်တွေနဲ့ မတူဘဲ G-Dragon ကတော့ YG အနုပညာရှင်အဖြစ် ဆက်လက်ရှိနေမှာဖြစ်ပြီး စာချုပ်ပုံစံကို မဆုံးဖြတ်ရသေးပေမယ့် YG Entertainment နဲ့ ဆက်လက်လက်တွဲသွားမှာဖို့ သေချာနေပုံရပါတယ်။ပရိသတ်တွေအနေနဲ့လည်း G-Dragon ကို YG နဲ့ဆက်လက်မြင်တွေ့လိုပြီး ပရိသတ်တွေရဲ့ ဆန္ဒပြည့်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=407,q=100/1d/1da4ea2e3bc3524f769e3277f7ff430275d7232e.jpg
https://s9.kh1.co/__image/w=650,h=441,q=100/2a/2a374122f6f7a637858b4bd9dff411b6ac7059c4.jpg

Photos: Credit

သတင်း အရင်းအမြစ် allkpop

  

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T