မြန်မာနိုင်ငံမှာ လူကြည့်များထင်ရှားခဲ့တဲ့ ဘုန်းမီးနေလ မဟာ အာသောက ဇာတ်လမ်းရဲ့ အိန္ဒိယရုပ်သံမင်းသမီး တူနီရှာ ရှာမာကို ဒီဇင်ဘာလ ၂၄ ရက်နေ့တုန်းက မွန်ဘိုင်းမြို့ကရိုက်ကွင်းတစ်ခုမှာ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ တူနီရှာ ရှာမာ ဟာ ကွယ်လွန်သွားချိန်မှာ အသက် ၂၀ ဝန်းကျင်အရွယ်သာရှိပါသေးတယ်။

တူနီရှာ ရှာမာက ဘုန်းမီးနေလ မဟာအာသောက ဇာတ်လမ်းမှာ မင်းသမီးလေး အဟံကာရာအဖြစ် သရုပ်ဆောင်ခဲ့ပြီး အသက် ၁၂ နှစ်တည်းနဲ့ အနုပညာလောကထဲကို ဝင်ရောက်ခဲ့တဲ့သူဖြစ်ပါတယ်။

တူနီရှာ ရှာမာ သေဆုံးမှုနဲ့ပတ်သက်ပြီး မိခင်ကြီးဖြစ်သူကတော့ သူမ သမီးလေးကို သေကြောင်းကြံစည်ဖို့ သွေးထိုးလှုံ့ဆော်သူတွေ ရှိနေတယ်လို့ ဆိုကာ ရဲအဖွဲ့မှာ အမှု ဖွင့်ထားပါတယ် ။


လက်ရှိမှာလည်း တူနီရှာ နဲ့ ရည်းစားဖြစ်နေတယ်လို့ သတင်းထွက်နေတဲ့ မင်းသား ရှီဇန်ခန်းကို ရဲအဖွဲ့က စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။






