တောင်ကိုရီးယားမင်းသမီး Lee Yu Ri ဟာဆိုရင် ယောက္ခမနဲ့ချွေးမ ဆက်ဆံရေးအဆင်မပြေတဲ့ ဒရမ်မာဇာတ်လမ်းတွေကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တဲ့သူဖြစ်ပါတယ်။

Lee Yu Ri က အငိုပိုင်း ပိုင်နိုင်သလို ပရိသတ်တွေကိုပါ ဂရုဏာသက်သွားစေတဲ့ သရုပ်ဆောင်ချက်တွေကို ပိုင်နိုင်ရရှိထားသူဖြစ်ပါတယ်။ မင်းသမီး Lee Yu Ri က မိသားစုရေးရာ အရှုပ်အထွေးတွေနဲ့ပတ်သက်ပြီးလောင်ရတဲ့ ဇာတ်ဝင်ခန်းတွေနဲ့လိုက်ဖက်တဲ့သူဖြစ်ပါတယ်။

Lee Yu Ri အဖြစ် ပရိသတ်တွေ အသိများခဲ့တဲ့ဇာတ်လမ်းတွေက Twinkle Twinkle(2011) ၊ Jang Bo-ri is Here! (2014) ၊ Spring Turns to Spring (2019) နဲ့ Lie After Lie (2020) ဇာတ်လမ်းတွေပဲဖြစ်ပါတယ်။

Lee Yu Ri ၂၀၁၀ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သားသမီးရတနာ ထွန်းကားထားခြင်းတော့ မရှိသေးပါဘူး။ Lee Yu Ri က သူမ ရဲ့ ယောက္ခမကြီးတွေက သူမ ကို အရမ်းချစ်ပြီးသူမကလည်း အရမ်းကောင်းတဲ့ချွေးမဖြစ်တယ်ဆိုတာကို ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

Lee Yu Ri က သူမက ယောက္ခမကြီးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိကြောင်း ၊ သူမယောက္ခမကြီးရဲ့ အသိတွေကသူမကို အရမ်းကောင်းတဲ့ချွေးမတစ်ယောက်လို့ အမွှန်းတင်ကြောင်း ၊ သူမလိုမျိုးချွေးမနောက်တစ်ယောက် မရှိနိုင်တော့တဲ့အထိ ကောင်းမွန်တဲ့ မှတ်ချက်တွေပေးကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အိမ်ထောင်ရက်သားကျပြီးဇာတ်လမ်းထဲကလိုမျိုးဘဝနဲ့ ကွဲထွက်နေတဲ့ တောင်ကိုရီးယား ထိပ်တန်းမင်းသမီး Lee Yu Ri ရဲ့ လက်ရှိ ဘဝလေးကို ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။
