Bella Ranee ကတော့ ကြည့်လိုက်ရင်တစ်ယောက်တည်း အထီးကျန်နေတယ်လို့ ထင်ရပေမယ့် သူကတော့ ပွဲလမ်းတွေတက်ရင်း သူချစ်တဲ့မိသားစုတွေ နဲ့ ကုန်ဆုံးနေတာဖြစ်ပါတယ်။

မကြာသေးမီက သူမကအစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့ပြီး အခုနောက်ပိုင်းမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် Bella Ranee ကတော့ သူမရဲ့အလုပ်တွေများပြီး အချိန်ဇယားတွေ ပြည့်နေပေမယ့်လည်း ပရိသတ်တွေနဲ့ အချိန်ပေးပြီး စကားပြောနေဆဲပါ။

မကြာသေးမီက သူမက ပရိသတ်တွေကို တစ်ခါမှ မပြောဖူးသေးတဲ့ လျှို့ဝှက်ချက်တစ်ခုကို ပြောပြခဲ့ပါတယ်။ဒီ ၂၀၂၂ က သူမအတွက် အငိုရဆုံးလို့တောင် ပြောလို့ရတယ်။

ရှိုးပွဲတစ်ခုကို သွားခဲ့တုန်းက ပရိသတ်တွေရဲ့မျှော်လင့်ချက်နဲ့ ကိုက်ညီအောင် အကောင်းဆုံးလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားပေမယ့် အလွဲလွဲအချော်ချော်တွေ ဖြစ်ခဲ့ရတယ်။

မိုက်ကရိုဖုန်းက လွတ်သွားပြီး သီချင်းကလည်း ဘာအသံမှကို မကြားရတော့ဘူး။ ကိုယ့်ကိုကိုယ်လည်း အကောင်းဆုံးမလုပ်နိုင်ဘူးလို့ တွေးမိတယ်။ စိတ်မကောင်းဖြစ်လွန်းလို့ မျက်ရည်တွေလည်း ကျခဲ့ပြီး ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိတယ် " လို့ ပြောပြခဲ့ပါတယ်။

