ဂျပန်နိုင်ငံမှာ ကီမိုနိုဝတ်စုံလေးတွေ ဝတ်ပြီး ချစ်ဖို့ကောင်းနေကြတဲ့ Bright နဲ့ Bella

//s9.kh1.co/2e/2ed9f87d45f12d974eba1f2b025113d634734125.jpg
အနုပညာရှင်များ

 ၂၄-ဒီ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

နှစ်ယောက်လုံးက ချစ်ဖို့ကောင်းနေလိုက်ကြတာ လိုက်ဖက်လွန်းလို့ တွဲပါလို့တောင် ပရိသတ်တွေက တောင်းဆိုနေကြပြီ

လတ်တလောမှာတော့ မင်းသားချော Bright Vachirawit နဲ့ ထိုင်း Channel 3 မင်းသမီး Bella Ranee တို့က ပွဲတစ်ခုကို တက်ရောက်ဖို့  ဂျပန်ကို ရောက်ရှိနေကြပါတယ်။  ဂျပန်နိုင်ငံမှာ ရာသီဉတု ဆောင်းရာသီဖြစ်တာကြောင့် နှင်းတွေကြပြီး အေးစက်နေတာလည်း ဖြစ်ပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com

Bright နဲ့ Bella တို့က နိုင်ငံခြားခရီးစဉ်ဖြစ်တာကြောင့် အလည်အပတ်ခရီးစဉ်အဖြစ် သူတို့ရဲ့ မိသားစုတွေလည်း ခေါ်ဆောင်သွားခဲ့ပါတယ်။ Bright နဲ့ Bella တို့က ဂျပန်နိုင်ငံကို ရောက်ပြီးနောက်မှာတော့ နှင်းတွေကျနေတဲ့ အချိန်မှာ တူတူဆော့ကစားရင်း နှင်းတောထဲမှာလည်း တူတူ အမှတ်တရအဖြစ် ဓာတ်ပုံရိုက်ခဲ့ကြပါသေးတယ်။ ဒါ့အပြင် Bella က Bright ရဲ့ မေမေနဲ့ တူတူတွဲပြီး ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။

Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com

ပရိသတ်တွေက နုပျိုတဲ့ Bright နဲ့ ချောမောလှပတဲ့ မင်းသမီး Bella တို့ စုံတွဲပုံလေးတွေကို မြင်ရပြီးနောက်မှာတော့ သူတို့နှစ်ယောက်ဟာ ချစ်စရာကောင်းပြီး လိုက်ဖက်ညီနေတာကြောင့် တွဲကြပါလို့ သဘောတူနေကြပါတယ်။  ဒါ့အပြင် Bella နဲ့ Bright ကို ဇာတ်လမ်းတစ်ခုတည်းမှာ တူတူသရုပ်ဆောင်တာကို မြင်ချင်ကြနေပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com

အကြောင်းရင်း ကတော့ အမျိုးသား နဲ့ အမျိုးသမီး ကြယ်ပွင့် နှစ်ယောက် စလုံးက အနုပညာ နယ်ပယ် တစ်ခုတည်းမှာ အရည်အချင်း ရှိပြီး နာမည်ကြီး တာကြောင့် အတူတူ သရုပ်ဆောင်ရင် Chemistry မိမှာ သေချာပြီး လုံးဝပေါက်မယ့် ဇာတ်ကားဖြစ်မယ်လို့ ပြောနေကြပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com

သတင်း အရင်းအမြစ် Popular.com

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T