အညံ့ဆုံးသရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မင်းသားမင်းသမီးများ

//s9.kh1.co/3c/3ced34211ce002fae99a04b39386392651bc74c5.jpeg
အနုပညာရှင်များ

 ၂၄-ဒီ-၂၀၂၂ ၈am · လွန်ခဲ့သော ၃ နှစ် က

.

အမေရိကန်မှာ ကျင်းပပြုလုပ်မယ့် Golden Raspberry Awards ဆုပေးပွဲအခမ်းအနားမှာ ရွေးချယ်ခံရသူများကိုဆုံးဖြတ်ဖို့အတွက် ဒေသတွင်းသတင်းထောက် ၃၄ ဦး နဲ့ စစ်တမ်းတစ်ခုပြုလုပ်ခဲ့ကြပါတယ်။ 

Google
Google

ယခုနှစ်အတွက် Raspberry Awards ဆုပေးပွဲပုံစံကို Sports Kyunghyang ဗားရှင်းနဲ့ ပြုလုပ်ထားပြီး စုစုပေါင်းဗားရှင်းသုံးမျိုးခွဲကာ မဲပေးရွေးချယ်စေ ခဲ့တယ်လို့ သိရပါတယ်။ ဗားရှင်း ၃ ခုရဲ့ ခေါင်းစဉ်တွေက The Worst Film of 2022 (၂၀၂၂ ခုနှစ်ရဲ့ အဆိုးရွားဆုံးဇာတ်လမ်း) ၊ The Worst Actor of 2022 (၂၀၂၂ ခုနှစ်ရဲ့ အညံ့ဆုံးသရုပ်ဆောင်) ၊ The Actor with the Worst Manners of 2022( ၂၀၂၂ ခုနှစ်ရဲ့ အဆိုးဆုံးအမူအကျင့်ရှိတဲ့သရုပ်ဆောင်) တို့ဖြစ်တယ်လို့ သိရပါတယ်။ 

ဒါရိုက်တာ Jang Chul Soo  ရဲ့ Serve The People ဇာတ်လမ်းဟာဆိုရင် မဲအရေအတွက် ၁၈ ခုနဲ့ အဆိုးရွားဆုံးဇာတ်လမ်းအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ အဆိုးဆုံးအဖြစ် ရွေးချယ်ခဲ့ရတဲ့ ဇာတ်ကားအတွက် ရရှိခဲ့တဲ့မှတ်ချက်တွေက ရည်ရွယ်ချက်မရှိဘဲ လိင်အသားပေးဇာတ်လမ်းတွေများလွန်းခြင်း၊ Yeon Woo Jin ရဲ့ အနစ်နာခံမှုက အဆိုးဘက်ကဖြစ်နေခြင်း ၊ ဒီလိုဇာတ်လမ်းမျိုး လူ့အဖွဲ့အစည်းမှာနောက်ထပ်ဘယ်တော့မှ ထပ်မရိုက်စေချင်တော့ခြင်း တို့ဖြစ်ပါတယ်။ 

Google
Google

Carter ဇာတ်လမ်းကလည်း မဲအရေအတွက် ၉ ခုနဲ့ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပြီး Alienoid ဇာတ်လမ်းကလည်း မဲအရေအတွက် ၇ ခုနဲ့ တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။ 

အညံ့ဆုံးသရုပ်ဆောင်အဖြစ် Serve The People ဇာတ်လမ်းထဲက မင်းသမီး Ji Ahn  ကိုရွေးချယ်ခဲ့ပြီး စုစုပေါင်းမဲအရေအတွက် ၂၁ ခုနဲ့ သရုပ်ဆောင် အညံ့ဆုံးအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ 

Google
Google

ဒုတိယအဆိုးဆုံးသရုပ်ဆောင်အဖြစ်ရွေးချယ်ခြင်း ခံခဲ့ရသူကတော့ Alienoid ဇာတ်ကားနဲ့ မင်းသား So Ji Sub ပဲဖြစ်ပါတယ်။ So Ji Sub ကို သတင်းထောက်အချို့က ဒါ So Ji Sub အစစ်မဖြစ်နိုင်ဘူး၊ အရင်တုန်းကသရုပ်ဆောင်နတ်ဘုရား So Ji Sub ဘယ်ရောက်သွားတာလဲ ၊ ဆွဲဆောင်မှု ကင်းမဲ့လိုက်တာ၊ စတဲ့မှတ်ချက်တွေပေးထားကြပါတယ်။ 

Google
Google

အဆိုရွားဆုံးအမူအကျင့်ရှိတဲ့ သရုပ်ဆောင်စာရင်းထဲမှာတော့ မင်းသား ကြီး Ma Dong Suk က မဲအရေအတွက်၂၀ ခုနဲ့ ပထမနေရာ ၊ မင်းသမီး Kim Tae Ri  က မဲအရေ အတွက် ၁၁ ခုနဲ့ ဒုတိယနေရာ၊ မင်းသား Nam Joo Hyuk က မဲအရေအတွက် ၆ ခုနဲ့ တတိယနေရာ အသီးသီး ရရှိခဲ့ပါတယ်။ 

Google
Google
Google
Google
Google
Google

သရုပ်ဆောင်တွေရဲ့ အမူအကျင့်ပိုင်းနဲ့ပတ်သက်ပြီးရွေးချယ်တဲ့နေရာမှာတော့ ဇာတ်ကားရိုက်ကူးရေမိတ်ဆက်ပွဲသို့ မတက်ရောက်ခြင်း ၊ အင်တာဗျူးလက်မခံခြင်း၊ ပရိုမိုးရှင်းပွဲများ မတက်ရောက်ခြင်း စတဲ့လစ်ဟာမှုတွေအပေါ်မူတည်ပြီးရွေးချယ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T