ပရိသတ်တွေ အမြဲအားကျ ချစ်ခင်နေရတဲ့ထိုင်းမင်းသမီး မော်ဒယ် Warattaya ကတော့ ထိုင်းမင်းသား P Push နဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။

သူမရဲ့ ချစ်သူ Purpose လုပ်တဲ့ ပုံရိပ်လေးတွေ၊ မင်္ဂလာဆောင်တဲ့ ပုံရိပ်လေးတွ၊ ကိုယ်ဝန်ဆောင်ချိန်ကတည်းက ပုံရိပ်လေးတွေက မိန်းကလေးတိုင်းကို အမြဲအားကျစေခဲ့ရတာပါ။

Warattaya က ခုသားလေး မွေးဖွားပြီးချိန်မှာလည်း မော်ဒယ် သရုပ်ဆောင်လို့ဆိုတဲ့အတိုင်း ခန္ဓာကိုယ်လေးက ပိန်ပါးပြီး အပျိုလေးလို လှပနေဆဲပဲ ဖြစ်ပါတယ်။

အခုဆိုရင်တော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး သူမရဲ့အချိန်တွေကို သားလေးအတွက် ပေးထားတာပဲ ဖြစ်ပါတယ်။

Warattaya ကတော့ သူမရဲ့ လှုပ်ရှားမှုလေးတွေ၊ မိသားစုပုံရိပ်လေးတွေကို Instagram ကနေ တင်တင်ပေးလေ့ရှိပါတယ်။ အခုတစ်ခါမှာလည်း အားလပ်ချိန်လေးတွေမှာ သားလေးကို ထိန်းကျောင်းရင်း သားလေးရဲ့ ချစ်ဖို့ကောင်းတဲ့ ပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။


