လွန်ခဲ့တဲ့ ငါးနှစ်တာကာလအတွင်းမှာ ထိုင်းမင်းသမီး Mai Davika နဲ့ မင်းသား Ter Chantavit တို့က ချိုမြိန်တဲ့ အချစ်ရေးကို တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်ရဲ့ အချစ်ရေးနဲ့ ပတ်သက်လာရင်လည်း အရမ်းကို Ro လွန်းတာကြောင့် သူများတွေ မနာလိုဖြစ်ရတဲ့ အထိတောင်ပါပဲ။

ချစ်သူသက်တမ်း (၅)နှစ်လောက်ရှိပြီဖြစ်ပေမယ့် လက်ထပ်ဖို့ကိစ္စနဲ့ ပတ်သက်ရင်တော့ မင်းသမီး Mai Davika နဲ့ Ter က ပရိသတ်တွေကို ဘာမှ မဖော်ပြသေးပါဘူး။

သူတို့ရဲ့ ၅ နှစ်ပြည့်တုန်းကလည်း ပရိသတ်တွေက သတင်းကောင်းလေးကြားရမယ်ထင်ပြီး မျှော်လင့်နေပေမယ့်လည်း ဘာမှထူးခြားမှုမရှိခဲ့ပါဘူး။

ပရိသတ်တွေကြားမှာ နှစ်တွေတွဲလာတာကြာပြီး မင်္ဂလာသတင်းနဲ့ ပတ်သက်ပြီး ဘာမှမကြားသေးတာကြောင့် တကယ်မချစ်ဘူးလားဆိုပြီး ပြောသံတွေလည်း ထွက်နေပါတယ်။

ဒီသတင်းတွေနဲ့ ပတ်သက်ပြီး မကြာသေးမီက Davika က အင်တာဗျုးတစ်ခုမှာ သူမရဲ့ အချစ်ရေးကို ပြောပြခဲ့ပါတယ်။ “ သူမရဲ့ချစ်သူ Ter က သူမကို နေ့တိုင်းချစ်တယ် ချစ်တယ်လို့ပြောနေတာ ကြားရပါများတော့ နားထောင်ချင်စိတ်တောင် မရှိတော့ဘူး။

တစ်နေ့ကို ဘယ်နှစ်ခါလောက်တောင် ပြောနေမှန်းမသိတော့ဘူး။ များလွန်းလို့ ရေတောင်မတွက်နိုင်တော့ဘူး၊ ဆိုလိုတာက Ter က သူ့ခံစားချက်တွေကို ဖုံးကွယ်ထားရတာ ကြိုက်တဲ့လူမျိုးမဟုတ်ဘူး ဆိုတာပါပဲ။ ” ဆိုပြီး ပြောပြသွားခဲ့ပါတယ်။

Davika ရဲ့ အင်တာဗျူးကို နားထောင်ပြီးတဲ့ ပရိသတ်တွေက သူမက အရမ်းကောင်းတဲ့ ချစ်သူလေးကို ပိုင်ဆိုင်ထားကြောင်း အချစ်ခံလေးဖြစ်နေရကြောင်းသိသွားကြပြီး သူမကိုစိတ်ပူနေတာတွေလည်း လျော့သွားပြီလို့ Fan တွေက ပြောနေကြပါတယ်။






