ထိုင်းဒရာမာကားတွေ အထူးသဖြင့် BL ကားတွေမှာ အများဆုံးသရုပ်ဆောင်တဲ့ အသက် 24 နှစ်အရွယ် အမျိုးသားသရုပ်ဆောင် Bright Vachirawit ကိုတော့ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်မှာပါ။ သူက မကြာသေးမီက Bangkok University International ကနေ မားကတ်တင်းဘွဲ့ကို ရရှိခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုလည်း ရရှိခဲ့ပါတယ်။


ရုပ်ရည်လေးကလည်းချော အနုပညာပိုင်းမှာလည်း အောင်မြင်သူဖြစ်တဲ့အပြင် ပညာရေးပိုင်းမှာလည်း ထူးချွန်တဲ့သူလေး Bright ကတော့ လက်ရှိမှာ ပရိသတ်တွေအတွက် ဝမ်းနည်းစရာကောင်းတဲ့ သတင်းလေးကို ပြောကြားခဲ့ပါတယ်။ Bright က "အခု ကျွန်တော်ကျောင်းပြီးသွားပြီဆိုတော့ မိသားစုနဲ့လည်း အချိန်ပိုရချင်တာကြောင့် အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ဘူးလို့ ထင်ပါတယ်" လို့ ပြောခဲ့ပါတယ်။


Bright က နိုင်ငံတကာ စင်မြင့်ထက်မှာလည်း အောင်မြင်နေသူဖြစ်ပြီး ဘွဲ့လည်းရပြီဆိုတော့ အဖက်ဖက်ကနေ ကမ်းလှမ်းမှုတွေက ပို့လို့တောင် များလာဦးမှာပါ။ ဒါပေမယ့်လည်း ပရိသတ်တွေအများစုက သူ့ရဲ့ဆုံးဖြတ်ချက်ကို လေးစားကြပြီး အရင်ကလို အားပေးချစ်ခင်နေကြဆဲပါ။



သတင်း အရင်းအမြစ်៖ Popular.com





