ကမ္ဘာကျော် ဟောင်ကောင် ဖိုက်တာမင်းသားကြီး ဘရုစလီ ကွယ်လွန်သွားခဲ့တာ နှစ်ပေါင်း ၅၀ နီးပါးကြားသွားခဲ့ပေမယ့် သုတေသန ပညာရှင်များကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက သူသေဆုံးခဲ့ရတဲ့ အကြောင်းအရင်းကို လေ့လာတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။

သူတို့လေ့လာခဲ့တဲ့ သုတေသနအသစ်အရ ရုပ်ရှင်သရုပ်ဆောင် ဘရုစလီဟာ ရေအလွန်အကျွံကောက်ခြင်းကြောင့် ရုတ်တရုက်သေဆုံးသွားခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကိုယ်ခံပညာရှင်မှာ ဆရာတစ်ဆူဖြစ်ခဲ့တဲ့ ဘရုစလီဟာ ၁၉၇၃ ခုနှစ် ဇူလိုင်လမှာ ဟောင်ကောင်မှာပဲ ရုတ်တရက် သေဆုံးခဲ့တာပါ။ အဲ့ဒီတုန်းက သူသေဆုံးခဲ့တာကို ဦးနှောက်ရောင်ရမ်းခြင်းကြောင်း ဖြစ်တယ်လို့ ယူဆခဲ့ကြတာပါ။

ဒါပေမယ့် ဒီဇင်ဘာလထုတ် Clinical Kidney Journal မှာ ထုတ်ဝေတဲ့ လေ့လာမှုတစ်ခုမှာတော့ ဘရုစလီဟာ ရေပိုသောက်ပြီး လုံလောက်တဲ့ ရေပမာဏ ပြန်မထုတ်နိုင်ခြင်းကြောင့် သေဆုံးတာ ဖြစ်ကြောင်း " Madrid ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်မှ ဆရာဝန်များအဖွဲ့မှ သုတေသီများက ရေးသားခဲ့တာပါ။

ဆီးထဲမှာ ရေများများသောက်ခြင်းမှ မကိုက်ညီပါက နာရီပိုင်းအတွင်း hyponatraemia ၊ ဦးနှောက်ရောင်ခြင်းနှင့် သေဆုံးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ “ hyponatraemia ဟာ မကြာခဏဖြစ်တတ်တာကြောင့် ဆေးရုံတက်နေရသူများရဲ့ ၄၀ ရာခိုင်နှုန်းအထိ တွေ့ရှိရပြီး ကျန်းမာသန်စွမ်းတဲ့ ငယ်ရွယ်သူမျာမှာ ပိုအဖြစ်များတယ်လို့လည်း ဆိုပါတယ်။

နောက်ထပ်လေ့လာတွေ့ရှိမှုမှာ အသက် ၃၂ နှစ်အရွယ်မှာ သေဆုံးခဲ့တဲ့ ဘရုစလီဟာ သူမသေဆုံးခင်က အရက် နှင့် ဖျော်ရည်များကို ကာလကြာရှည် သောက်ဆုံးခဲ့တဲ့ အပြင် ဆေးခြောက်ကို အသုံးပြုကာ ကိုယ်ခံပညာကို လုပ်ဆောင်ခဲ့ခြင်းကြောင့် ကျောက်ကပ်မှာလည်း ယခင်က ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။