GMMTV ရဲ့ မင်းသားချောတစ်ယောက်ဖြစ်တဲ့ Bright Vachirawit ကတော့ 2022 ခုနှစ် ဒီဇင်ဘာလ 14 ရက်နေ့က နာမည်ကြီး တက္ကသိုလ်တစ်ခုကနေ မားကတ်တင်းပညာကို သင်ယူခဲ့ပြီး ဘွဲ့ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

သူတက်ရောက်ခဲ့တဲ့ တက္ကသိုလ်က Bangkok University International (BUI) လို့ခေါ်တဲ့ ကိုယ်ပိုင် တက္ကသိုလ်ဖြစ်ပြီး ထိပ်တန်းစာရင်းဝင်တစ်ခုလည်း ဖြစ်ပါတယ်။

Bright ကတော့ လက်ရှိမှာ အသက် (၂၅) နှစ်အရွယ်ရှိပြီဖြစ်ပြီး အချမ်းသာဆုံးစာရင်းဝင်တစ်ယောက်ဖြစ်သလို အနုပညာပိုင်းမှာလည်း အောင်မြင်နေပြီး ပညာရေးဖက်မှာလည်း ထူးချွန်သူလည်း ဖြစ်ပါတယ်။

Bright ရဲ့ ဘွဲ့ယူတဲ့နေ့ကို သူကိုချစ်တဲ့ ပရိသတ်တွေရော ဖန်တွေရော လာရောက်အားပေးခဲ့ကြပါတယ်။သူ့ရဲ့ တစ်ကိုယ်ပွဲ ကျင်းပသလားလို့ ထင်ရအောင်ကို အားပေးတဲ့သူတွေက အများကြီးပါပဲ။

သူနဲ့ တွဲဖက်သရုပ်ဆောင် Win ကလည်း Bright ရဲ့ ဘွဲနှင်းသဘင်အခမ်းအနားကို ကိုယ်တိုင်တက်ရောက်ပြီး ဂုဏ်ပြုပေးခဲ့ပါတယ်။ ဒါ့အပြင် အခြားသော GMMTV ရဲ့ မင်းသားချောတွေလည်း တက်ရောက်ခဲ့ပါတယ်။






