၂၀၂၃ ခုနှစ်အတွက် Golden Globes စံကာတင်စာရင်းတွေကို မကြာသေးမီက ထုတ်ပြန်ကြေညာပြီးသွားပြီပဲ ဖြစ်ပါတယ်။ Golden Globes စာရင်းဝင်တွေရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့အတူ ပွဲတက်ဖက်ရှင်တွေဟာဆိုရင်လည်း ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပါတယ်။ ဒါ ကြောင့်ခေတ်အစဉ်အဆက် ကျင်းပခဲ့တဲ့ Golden Globes ပွဲတွေမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးအောင်မြင်ခဲ့တဲ့ ဝတ်စုံတွေအကြောင်းကို ဖော်ပြပေးသွားပါမယ်။
Dyan Cannon

Dyan Cannon ရဲ့ ဝတ်စုံလေးကတော့ ၁၉၈၈ ခုနှစ်တွေမှာ နာမည်ကြီးရေပန်းစားခဲ့တဲ့ ဝတ်စုံတွေဖြစ်ပါတယ်။ ဝတ်စုံကို ဒီအတိုင်းကြည့်ရင် အရမ်း မလှဘူးလို့ ထင်ရပေမယ့် ဝတ်စုံရဲ့ ဒီဇိုင်းက မထင်မှတ်ထားလောက်အောင်ကို နာမည်ကြီး အောင်မြင်ခဲ့တာဖြစ်ပါတယ်။
Heather Locklear

Heather Locklear ရဲ့ ဒီဝတ်စုံလေးဟာဆိုရင်လည်း ၁၉၉၆ ခုနှစ်တွေမှာ နာမည်ကြီး လူကြိုက်များခဲ့တဲ့ ဝတ်စုံလေး ဖြစ်ခဲ့ပါတယ်။ ကြေးနီရောင် အရိုးတွေကို ထင်ရှားပေါ်လွင်စေတဲ့ ဝတ်စုံလေးက ဒီတိုင်းကြည့်ရင် ဘာမှ မဟုတ်ဘူးထင်ရပေမယ့် ကမ္ဘာကျော်တဲ့ ဝတ်စုံဖြစ်ခဲ့ပါတယ်။
Madonna

Madonna ရဲ့ risqué ပုံစံ ဝတ်စုံလေးဟာဆိုရင်လည်း ၁၉၉၇ ခုနှစ်မှာ လူကြိုက်များပြီး ဆွဲဆောင်မှု အရှိဆုံး ဝတ်ဆုံ အဖြစ် နာမည်ကြီးခဲ့တဲ့ ဝတ်စုံဖြစ်ပါတယ်။
Angelina Jolie

၁၉၉၉ ခုနှစ်မှာ Angelina Jolie ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံလေးဟာဆိုရင်လည်း ကျက်သရေရှိပြီး လှပလွန်းတဲ့ ဝတ်စုံလေးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတဲ့ ဝတ်စုံဖြစ်ပါတယ်။
Kerry Washington

Kerry Washington ဝတ်ခဲ့ဖူးတဲ့ ဝတ်စုံလေးဟာဆိုရင်လည်း ရိုးရှင်းပြီး ဘာမှမဟုတ်တဲ့ ပုံစံလေးဆိုပေမယ့် တန်ဖိုးကြီးပြီး Golden Globes အတွက် တန်ဖိုးဖြတ်မရအောင် အဖိုးတန်တဲ့ ဝတ်စုံဖြစ်ပါတယ်။
ဒီအတိုင်းကြည့်ရင် မလှဘူးလို့ ထင်ရပေမယ့် တကယ်တမ်းမှာ စွဲဆောင်မှု အရမ်းရှိဆုံး Golden Globes ဒီဇိုင်းတွေအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ ဒီဇိုင်းအချို့ကို ရာသီလေးအမီ ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။