သားလေးရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို ချပြပြီး ဘယ်လောက်ချစ်ကြောင်းပြောပြလာတဲ့ ဖေဖေ P Push

//s9.kh1.co/7f/7fd6df1289ee4e693031f8de2059d144e3a35670.jpg
အနုပညာရှင်များ

 ၁၉-ဒီ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ဖေဖေနဲ့ မေမေရဲ့ အချောလေးတွေကို အမွေရထားတဲ့ PJ လေးကတော့ တကယ့်ကို သားချောလေး .. ရုပ်လေးကိုက အသည်းယားစရာလေး

နာမည်ကြီး ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိလာတဲ့ မင်းသား P Push ကတော့ အခုချိန်မှာ ချစ်ရသူနဲ့အတူ ဘဝတစ်ခုကိုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ P Push ကလည်း သူ့ရဲ့ဇနီးသည်ကို အရမ်းချစ်ပြီး ကြင်နာယုယပေးတတ်တဲ့ ယောက်ျားကောင်းတစ်ယောက်ဖြစ်ပါတယ်။

Photo Credit : P Push's IG Acc
Photo Credit : P Push's IG Acc
Photo Credit : P Push's IG Acc
Photo Credit : P Push's IG Acc

P Push တို့ဇနီးမောင်နှံကသားချောလေးနဲ့အတူ အေးအတူပူအမျှနဲ့ ဘဝခရီးလမ်းကိုလျှောက်လှမ်းနေကြတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒရမ်မာအသစ်တွေထပ်မံရိုက်ကူးခြင်း မရှိပေမယ့် မိသားစုနဲ့အတူ သာယာပျော်ရွှင်အေးချမ်းစွာ နေထိုင်လျက်ရှိတာပါ။ အခုဆိုရင်လည်း P Push က သားငယ်လေးရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို ပရိတ်သတ်တွေထံချပြပြီး ဘယ်လောက်ချစ်ကြောင်းကို ဖွဲနွဲစီကုံးပြီးပြောထားပါတယ်။

Photo Credit : P Push's IG Acc
Photo Credit : P Push's IG Acc
Photo Credit : P Push's IG Acc
Photo Credit : P Push's IG Acc

P Push က " ဖေဖေနဲ့ မေမေ ချစ်ဖို့ကောင်းလွန်းတဲ့ အသည်းတုံးလေး 😙❤️ 🫰🏼 11 ရက်သားအရွယ်လေးနဲ့ ဓာတ်ပုံလေး ရိုက်ပေးခဲ့တယ်။ ရိုက်ဖို့ Setting လုပ်တာတောင် လုံးဝမငိုတဲ့ သားလေး။ မိခင်နို့ကိုတောင် ၁ ပတ်လောက် ပဲ တိုက်လိုက်တယ်။ 😎ท🏻

ဓာတ်ပုံရိုက်ပေးတဲ့ အန်တီ Ple Merz ကိုလည်း ကျေးဇူးတင်ပါတယ်။" ဆိုပြီး သားလေးရဲ့ ချစ်ဖို့ကောင်းတဲ့ ပုံလေးတွေနဲ့အတူ သူ့ရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။

Photo Credit : P Push's IG Acc
Photo Credit : P Push's IG Acc
Photo Credit : P Push's IG Acc
Photo Credit : P Push's IG Acc

သတင်း အရင်းအမြစ် P Push's IG Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T